အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော



MNP ၊ အောက်တိုဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်နှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများအား အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက် နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က စဉ့်ကူးမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ရိုင်ဦးစီးမှူး ဦးဇော်သန်း က အယ်နီညိုရာသီဥတု ဖြစ်ပွား ရခြင်းနှင့်  အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန် အချက်များ၊ ဖြစ်ပွားချိန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အယ်နီညို ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရမည့် အချက် များအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စဉ့်ကူးမြို့နယ် ဦးစီးဌာနမှူး ဦးနေလင်း က ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုနှင့် အပူချိန် ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက်လာကြသူများ ၏  ပြန်လည်မေးမြန်းဆွေးနွေးခဲ့မှုအပေါ်  ပြန်လည်​ရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါ ဟောပြောပွဲသို့ စဉ့်ကူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသူများအား အယ်နီညိုရာသီဥတုကြောင့် ငါးမွေးမြူရေး ကဏ္ဍအပေါ်သက်ရောက်နိုင်မှု ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်း ထံမှ သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)