မင်္ဂလာရှိသော နိုင်ငံတော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာရှိသော နိုင်ငံတော်


ယနေ့တိုင်းပြည်ကို ဦးဆောင်နေကြသူများက ပြည်သူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဘက်ပေါင်းစုံကြနေ ကြိုးစားနေကြတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို သိဖို့အတွက်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ကိုယ်တိုင်က နယ်လှည့်ပြီး လူထုတွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ကြတာကို မြင်တွေ့ရတယ်။

တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပညာရေးကို အခြေခံပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံက ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေရတဲ့ ကာလဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အခြေအနေဟာ ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူတွေရဲ့ ဂုပ်သွေးစုပ်ခြင်းကို ခံရ၊ တဖန် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ခြွတ်ခြုံကျခဲ့ရတဲ့ အခြေအနေမှာ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရဟာ တိုင်းပြည်ကို တစ်ကနေ ပြည်စခဲ့ရတယ်လို့တောင် ဆိုရင် မမှားပါဘူး။ 

NLD အစိုးရဟာ လူပြိန်းကြိုက် ရေပေါ်ဆီအစိုးရလို့ ဆိုရင်လည်း မမှားပါဘူး။ တိုင်းပြည်ရဲ့ အဓိက မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တွေကို ပြည်ပအကြံပေးတွေ ငှားရမ်းအသုံးပြုပြီးတော့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ NLD အစိုးရလက်ထက်မှာ မိအေး နှစ်ခါနာဆိုတဲ့ အဖြစ်မျိုးထက်ကို ပိုပြီး ဆိုးပါတယ်။ ပြည်ပက ငှားရမ်းထားတဲ့ အကြံပေးဆိုသူတွေကိုလည်း ပြည်သူ့ဘဏ္ဍာထဲကနေ လစာပေးရတယ်။ အဲဒီ အကြံပေးတွေက တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတက်ရေးအတွက် ကောင်းမွန်မှန်ကန်တဲ့ အကြံပေးအလုပ်ကို လုပ်ကြတာမျိုးမဟုတ်ဘဲ NLD အာဏာသက်ဆိုးရှည်ရေးကိုသာ အဓိကထားပြီး လူပြိန်းကြိုက် လုပ်ဆောင်ဖို့လောက်သာ အကြံပြုကြသူတွေ ဖြစ်ပါတယ်။ အစိုးရ အဆက်ဆက် အမျှော်အမြင်ကြီးစွာနဲ့ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ခြင်းဟာ အဆိုးရွားဆုံး အခြေအနေပါပဲ။

လမ်းပမ်းဆက်သွယ်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုပါ အခက်အခဲတွေ့အောင် ရထားလမ်းခရီးစဉ်တွေကို ဖြတ်တောက်ခဲ့တယ်။ ယခု နစကအစိုးရက အဲဒီအလုပ်တွေကို ပြန်လည်ဖော်ဆောင်နေရတယ်။ သံမဏိစက်ရုံကြီးတွေကို ဆက်လက်လည်ပတ်နိုင်ခြင်း မရှိအောင် ရပ်ဆိုင်းခဲ့တယ်။ အဲဒီစီမံကိန်းတွေကိုလည်း နစကအစိုးရအနေနဲ့ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နေရတယ်။

ပြောရရင်တော့ ပြည်သူလူထုဟာ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်ပြီး ကိုးကွယ်ခဲ့ကြတယ်။ မော်ဒယ်မလို ဖော်ရှိုးပြနေတာလေးတွေအပေါ်မှာ သာယာခဲ့ကြခြင်း ဖြစ်တယ်။ နောက်ကွယ်မှာ တိုင်းပြည်ရဲ့ ယန္တရားတစ်ခုလုံး ကမောက်ကမဖြစ်အောင် နိုင်ငံခြားသား အကြံပေးတွေနဲ့ လုပ်ဆောင်နေတာတွေကို ဘယ်သူမှ မသိရဘူး။

အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ဖို့အတွက်လည်း စနစ်တကျ ဖန်တီးခဲ့ကြတယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံနေပါတယ်။ တိုင်းပြည်မှာ အဓိက လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို သွေးခွဲပြီး ရဲတပ်ဖွဲ့ကို သူတို့ရဲ့ လက်ကိုင်တုတ်အဖြစ် ပုံသွင်းဖို့ ကြိုးပမ်းခဲ့ကြတယ်။ တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းတွေကို နိုင်ငံခြားသား အကြံပေးတွေနဲ့ စနစ်တကျ လုပ်ဆောင်ခဲ့တဲ့ အတွက်ကြောင့် အကြမ်းဖက်လှုပ်ရှားမှုတွေ စတင်ဆောင်ရွက်လာချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်တွေဟာ NLD အစွန်းရောက် အကြမ်းဖက်ဝါဒီတွေနဲ့ တသားတည်းပုံစံမျိုး မြင်တွေ့ခဲ့ရပါတယ်။

NLD ပါတီဟာ တိုင်းပြည်ကို စနစ်တကျ ဖျက်ဆီးခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ယန္တရားကြီးတစ်ခုလုံးကို ဖျက်ဆီးခဲ့တဲ့ပါတီဖြစ်ပါတယ်။ နစကအစိုးရဟာ တိုင်းပြည်ကို တစ်က ပြန်စနေရတဲ့ အစိုးရ။ ကာလတစ်ခုအတွင်းမှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံကို တပ်မတော်မှာ ရှိနေတဲ့ အင်အားနဲ့ ပြန်လည်တည်ဆောက်ခဲ့ရတာ ဖြစ်ပါတာ။ တပ်မတော်အနေနဲ့ ဘက်ပေါင်းစုံက ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိဘူးဆိုရင် NLD အစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ စနစ်တကျ စီမံထားတဲ့ တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းကြီးကို ဘယ်လိုမှ မထိန်းချုပ်နိုင်ပါဘူး။ နစကအစိုးရအဖြစ် ပြောင်းလဲလာချိန်မှာတောင် အစိုးရယန္တရားအတွင်းမှာ NLD မှိုင်းမိနေသူတွေရဲ့ အတွင်းလှိုက် ခြစားမှုတွေကြောင့် ထင်တိုင်းမပေါက် ခရီးမရောက်ခဲ့ပါဘူး။

ပြည်သူများအနေနဲ့ NLD ဦးဆောင်သူတွေရဲ့ ယုတ်မာကောက်ကျစ်သောအကြံနဲ့ တိုင်းပြည်ကို စနစ်တကျ ဖျက်ဆီးခဲ့တာတွေကို သိရှိနားလည်မယ်ဆိုရင် တိုင်းပြည်မှာ မင်္ဂလာရှိလာမယ်။ နိုင်ငံရေးလုပ်စားသူများဟာ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ပြီး လွတ်မြောက်နယ်အမြေကို ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ကြတယ်။ သူတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းများက အကြမ်းဖက်သမားများအဖြစ်နဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံ ဘဝကနေ ရုန်းမထွက်နိုင်ကြဘူး။

ယနေ့ တိုင်းပြည်မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကို ထောက်ခံအားပေးပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ နီပိန်းတွေသာ အသိတရားရှိစွာနဲ့ ဥပဒေဘောင်အတွင်းမှာ နေထိုင်မယ်ဆိုရင် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နိုင်ငံတော် ဖြစ်သွားမှာ အမှန်ပါပဲ။ နီပိန်းတွေက အကြမ်းဖက်သမားဖြစ်၊ အစိုးရ ယန္တရားအတွင်းက ကိုယ်ကျိုးရှာလိုသူတွေက အကြမ်းဖက်သမားများနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာ။ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ရဟန်းရှင်လူ ပြည်သူများမှာ နီပိန်းအကြမ်းဖက်သမားများရဲ့ ဘေးရန်ကိုလည်း ကြောက်ရ၊ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ လက်တွဲပြီး ပြည်ပနိုင်ငံများရဲ့ အထောက်အပံ့နဲ့ အကြမ်းဖက်လမ်းစဉ်နောက် လိုက်ပါလာတဲ့ EAO အမည်ခံ အကြမ်းဖက်အဖွဲ့တွေကလည်း တစခန်းထလာပြန်၊ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေကိုလည်း အစိုးရယန္တရားအတွင်းမှာ အခိုင်အမာ ခြေကုပ်ယူထားတယ်။

NLD ပါတီက စနစ်ကျဖျက်ဆီးသွားတဲ့ ယန္တရားကို နစကအနေနဲ့ အကောင်းဆုံးဖြစ်အောင် ထိန်းကျောင်းနေချိန်မှာ ယုံကြည်စွာနဲ့ တာဝန်ပေးအပ်ထားသူများကလည်း ယုံကြည်မှုကို အလွဲသုံးစားလုပ်တာမျိုးတွေ ကြုံတွေ့ရတယ်။ ဘေးကြပ်နံကြပ် အခြေအနေမျိုးမှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာရှိစွာနဲ့ တပ်မတော်ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ လက်တွဲဆောင်ရွက်နေတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ဟာ ပြည်သူလူထုကောင်းကျိုးဖြစ်စေဖို့ ဆောင်ရွက်နေခြင်းဖြစ်တယ်ဆိုတာကို သိရှိနားလည်ကြရမယ်။ 

နီပိန်း အကြမ်းဖက်အဖွဲ့တွေ၊ EAOအမည်ခံ အကြမ်းဖက်အဖွဲ့တွေ အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်မှသာ မင်္ဂလာရှိသော နိုင်ငံတော်ဖြစ်ပါလိမ့်မယ်။ အကြမ်းဖက်လှုပ်ရှားမှုတွေ ချုပ်ငြိမ်းမှသာ အစိုးရယန္တရားကို ပြည်သူက ပြန်လည်ထိန်းကျောင်းနိုင်လိမ့်မယ်။ နီပိန်း အကြမ်းဖက်အဖွဲ့တွေ၊ EAOအမည်ခံ အကြမ်းဖက်အဖွဲ့တွေ အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ကြပါ။ ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြီး အစိုးရနဲ့ ပြည်သူ အပြန်အလှန်ထိန်းကျောင်းပြီး မင်္ဂလာရှိသော နိုင်ငံတော်ကို တည်ဆောက်ကြမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)