ပေါင်မြို့နယ်အတွင်း ပြည်သူများအဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပေါင်မြို့နယ်အတွင်း ပြည်သူများအဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ဖြန့်ဖြူးရောင်းချ

69

70

71


MNP ၊ အောက်တိုဘာ  ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဆီလုပ်ငန်းရှင်များအဖွဲ့တို့ ပူးပေါင်းကာ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့၊ မွန်းလွဲပိုင်းက ကဒါရပ်ကွက်မင်္ဂလာဈေးနှင့် ကျခတ်ငူကျေးရွာတို့၌ဆက်လက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။


စားအုန်းဆီရောင်းချပေးရာတွင် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် ဆီ (၁)ပိဿာ စီကိုကဒါရပ်ကွက်မင်္ဂလာဈေးနှင့် ကျခတ်ငူကျေးရွာ တို့၌  ရောင်းချပေးရာ စားသုံးသူပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။


ဆီရောင်းချပေးခြင်းကို စားသုံးသူပြည်သူ (၈၈၀)ဦးတို့အား ဆီပိဿာချိန် (၈၈၀) ရောင်းချပေးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် အဆင်ပြေစွာအလွယ်တကူ ဝယ်ယူစားသုံးနိုင်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်နိုင်ရေး ရည်ရွယ်ကာ ယခုကဲ့သို့စီစဉ် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages