ဘားအံမြို့၌ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ





MNP ၊ အောက်တိုဘာ  ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားပြောစွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍  အခြေခံပညာအထက်တန်းအဆင့်  ကျပန်းစကားပြောပြိုင်ပွဲကို ဘားအံမြို့ အ-ထ-က (၄) ကျောင်းခန်းမတွင် ယနေ့နံနက် (၉:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ခရိုင်ပညာရေးမှူး ဆရာမကြီးနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


ရှေးဦးစွာ ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားပြီးနောက် ကျပန်းစကားပြောပြိုင်ပွဲအား စတင်ကျင်းပရာ  ပြိုင်ပွဲဝင်များက လူငယ်နှင့်ဘဝတန်ဖိုး၊ ကျန်းမာခြင်းနှင့်လာတ်တစ်ပါး၊ အကြိုက်ဆုံး ကဗျာ/သီးချင်းတစ်ပုဒ်၊ အပြောကောင်းလို့ အကောင်းပြောမယ်၊ အိုင်တီနည်းပညာခေတ်၊ ကျွန်ုပ်၏စံပြုပုဂ္ဂိုလ်၊ အမှိုက်ကောက်သူကို အားနာပါ၊ လှပစိုပြည်ဘားအံမြေ၊ လူမျိုးပျောက်မှာစိုးကြောက်ပါသည် စသည့်ခေါင်းစဉ်များဖြင့် အခြေခံပညာကျောင်း (၁၄) ကျောင်းမှ ကျောင်းသား/ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိပါသည်။


ဆက်လက်၍ ကျပန်းစကားပြာပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ  ပညာစံအိမ် ကိုယ်ပိုင်အထက်တန်းကျောင်း Grade -11 မှ  ကျောင်းသူ မလှအိမ်သူက ပထမဆု၊ အ.ထ.က (ဒုံရင်း) Grade -10 မှ ကျောင်းသား စောဂျွန်ဖိုးမင်းက ဒုတိယဆု၊ အ.ထ.က(လှာကာ) Grade -10 မှ ကျောင်းသူ မကြယ်စင်မိုးမခက တတိယဆုကိုလည်းကောင်း၊ အ.ထ.က(၅) Grade -11 မှ ကျောင်းသူ မအိန္ဒြေဦးက စတုတ္ထဆုကိုလည်းကောင်း၊ အ.ထ.က(တောင်ကလေး) Grade -10မှ ကျောင်းသား မောင်အာကာကျော်မှ ပဉ္စမဆုကိုလည်းကောင်း ဆုရရှိ ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)