စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ​ရွှေဘိုမြို့ရှိဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ​ရွှေဘိုမြို့ရှိဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

92


MNP ၊ အောက်တိုဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊တာဝန်ရှိသူများ လိုက်ပါလျက် ​ယမန်နေ့ ညနေပိုင်းတွင် ​ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ​ရွှေဘိုမြို့ရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ခဲ့​​ကြောင်း သိရသည်။


ရှေးဦးစွာ ​ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ခရိုင်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်အောင် ဆောင်ရွက်နေမှုများ၊ စားရေရိက္ခာ ပေါများရေး၊ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် ​ရွှေဘိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  ဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီး ရှင်းလင်း ပြောကြားကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်အဆင့်ဌာနဆိုင်ရာများအတွက် ငွေကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီး ​လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ရဲမှူးကြီး​အောင်မြင့်နိုင်က လုံခြုံရေး တာဝန်ထမ်းဆောင်နေသူများအတွက် ငွေကျပ် ၁၀ သိန်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ​ရွှေဘိုမြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံးသို့ ​ရောက်ရှိပြီး၊ လူဝန်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ Biometric အချက်အလက်​ကောက်ယူခြင်းနှင့်UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများ​ ဆောင်ရွက်​နေမှုအား ကြည့်ရှုစစ်​ဆေးပြီး၊ လူမှု​ရေးဝန်ကြီး ဦး၀င်းမြတ်စိုးမှ ဂုဏ်ပြုချီးမြှင့်​​ငွေများ ​ပေးအပ်ခဲ့​ကြောင်း သိရသည်။​


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages