လင်းခေးမြို့နယ်အတွင်းရှိ သံဃာတော်၊ ရဟန်း၊ သာမဏေတို့က ဝါကြီးသက်ကြီးဆရာတော်များအား ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လင်းခေးမြို့နယ်အတွင်းရှိ သံဃာတော်၊ ရဟန်း၊ သာမဏေတို့က ဝါကြီးသက်ကြီးဆရာတော်များအား ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ

098-01

098-02

099


MNP ၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ သံဃာတော်၊ ရဟန်း၊ သာမဏေ (၁၃၇) ပါးတို့က မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ဘဒ္ဒန္တဥူးဝိစိတ္တသာရနှင့် ဆရာတော်ဘဒ္ဒန္တဥူးကောလိန္တ (ဝါဆိုကျောင်းတိုက်ဆရာတော်ကြီး) နှစ်ပါးအား ဝါလကင်းလွတ်သီတင်းကျွတ် ဝါကြီးသက်ကြီးပူဇော်ကန်တော့ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကမ္မဌာန်းကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါပူဇော်ကန်တော့ရာတွင် ဦးစွာတက်ရောက်လာကြသော ကန်တော့သံဃာ၊ ရဟန်းနှင့် သာမဏေအပေါင်းက ဘုရားကန်တော့ခြင်း၊ ဝါကြီးသက်ကြီးဆရာတော်နှစ်ပါးထံမှ ငါးပါးသီလခံယူခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါ သည်။


ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တဝိ စိတ္တသာရက ဝါကြီးသက်ကြီး ပူဇော်ကန်တော့ရခြင်း အကျိုးတရား သြဝါဒမြွက်ကြားပေးခဲ့ပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် အတူတကွ ရေစက်သွန်းချ အမျပေးဝေးကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ပါ သည်။


ပူဇော်ကန်တော့ပွဲအပြီးတွင် လင်းခေးမြို့အတွင်းရှိ ဓမ္မမိတ်ဆွေ စေတနာအလှူရှင်များက ဝါကြီး သက်ကြီးဆရာတော်ကြီးနှစ်ပါး နှင့်တကွ သံဃာတော်၊ ရဟန်း၊ သာမဏေ (၁၃၇) ပါးတို့ထံ လှူဘွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် အခမ်းအနားကို ရုတ်သိမ်းလိုက် ကြောင်းသိရသည်။


စိုင်းဇော်လတ်(လင်းခေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages