မုဒုံမြို့တွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့တွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေး


MNP ၊ အောက်တိုဘာ  ၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ကတုံးပေါ်ကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။


တွေ့ဆုံပွဲတွင်  မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးပြည်သိမ်းက  ဒေသတွင်းစာနပ်ရိက္ခာဖူလုံစေပြီး တောင်သူများအချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်မည့် စပ်မျိုးနေကြာစိုက်ပျိုးမှုတွင် လိုအပ်ချက်များကို  စိုက်ပျိုးရာသီမတိုင်မီ  ကြီးကြပ်ဆောင်ရွက်ပေးမည်ဖြစ်ကာ  လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရန်ပြောကြားသည်။ ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးက တောင်သူများ၏လိုအပ်သော စပ်မျိုးနေကြာကို ဌာနအနေဖြင့် ပြည့်ဝစွာစုဆောင်းထားပြီးဖြစ်ကြောင်း၊ ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာသွင်းအားစုများကိုသက်သာသည့် စျေးနှုန်းဖြင့် ရောင်းချထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ်(၂၀၀၀၀၀) ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရာသီတွင် အပွင့်မပွင့်မီရေသွင်းစိုက်ပျိုးနိုင်ရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့သည်။


မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)ကို ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ဧက(၂၄၆)ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် စိုက်ဧက(၁၁၀၀)ဧက စိုက်ပျိုးရန်လျာထားကာ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့်အတူပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သားငယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)