အကျဉ်းသားများအား ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုမည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အကျဉ်းသားများအား ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုမည်

026

MNP ၊ အောက်တိုဘာ ၂၁

အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ မိသားစုဝင်များ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားရာ အောက်တိုဘာ ၂၄ ရက်နေ့မှစ၍ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းဌာနတစ်ခုမှ ကိုဗစ်-၁၉ရောဂါဖြစ်ပွားချိန်မှစတင်ပြီး ထောင်ဝင်စာမိသားစုတွေ့ခွင့်အား ပိတ်ထားခဲ့ရာ အောက်တိုဘာ၂၄ရက်မှစ၍ အကျဉ်းထောင်အသီးသီးတွင် မှတ်ပုံတင်၊အိမ်ထောင်စုဇယား တင်ပြ၍ တွေ့ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့မှ မှန်ကန်ပါကြောင်း ပြန်လည်ဖြေကြားထားသည်။

NLD အစွန်းရောက်များက အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် ကာလ ထောင်ဝင်စာပို့ရာတွင် ဖောက်ခွဲရေးပစ္စည်းများ ထည့်သွင်းပေးပို့ထားခဲ့ခြင်းကြောင့် အင်းစိန်အကျဉ်းထောင် ၏ ထောင်ဝင်စာလက်ခံဌာနတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အကျဉ်းဦးစီး ဝန်ထမ်းများနှင့် ထောင်ဝင်စာလာပို့သည့် မိသားစုဝင်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ဖူးသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages