အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့် ပိတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့် ပိတ်ပွဲကျင်းပ




MNP ၊ အောက်တိုဘာ ၅

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့်ပိတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံ(ခုတင်-၇၀ဝ)၊ ဇီဝကခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ကျွမ်းကျင်သူ(အရာရှိ)များ၊ သူနာပြု/ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ နိုင်ငံတကာမှဆေးပညာရှင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် စုစုပေါင်း ၃၅၅ ဦး တက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံ ဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ကျွမ်းကျင်သူ(အရာရှိ)နှင့် သူနာပြု/ကျွမ်းကျင်သူ စုစုပေါင်း ၁၅၃ ဦး တက်ရောက်ခဲ့ကြသည်။

ယနေ့တွင် Major Symposium အဖြစ် Futuristic Approaches to optimize Nutrition and Exercise Regimens for Myanmar Military Cadets & Debate Session တို့ကို ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် တာဝန်ရှိသူများက အကောင်းဆုံး သုတေသနစာတမ်းနှင့် ပိုစတာများအတွက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများ၊ Young Researcher Award ရရှိခဲ့သည့် သုတေသနစာတမ်း/ပိုစတာဆုရှင်များနှင့် Debate Session တွင် အနိုင်ရရှိသူများအား ဆုများပေးအပ်ခဲ့ပြီး နှီးနှောဖလှယ်ပွဲကျင်းပရေး ဆပ်ကော်မတီများနှင့် သုတေသနစာတမ်း/ပိုစတာ တင်သွင်းဖတ်ကြားခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်က ပိတ်ပွဲအမှာစကားပြောကြားကာ အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)