နတ်မောက်မြို့ အခြေခံပညာလယ်တန်းကျောင်း (တမာပင်)တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နတ်မောက်မြို့ အခြေခံပညာလယ်တန်းကျောင်း (တမာပင်)တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

31

32


MNP ၊ အောက်တိုဘာ  ၂၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇာခြည်ငုဝါနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်းစီမံချက် (၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာ ၁၉ ရက်နေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇာခြည်ငုဝါနှင့် ဝန်ထမ်းများက အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အသက်(၁၀)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့်  ကျောင်းသား/သူ (၇၀)ဦးတို့အား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသော ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၂)ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကလည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages