ပြင်ဦးလွင်မြို့တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ



MNP ၊ အောက်တိုဘာ ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ ဆာကူရာလမ်းတွင် အောက်တိုဘာလ ၂ ရက်နေ့ ၁၃ ၃၀ အချိန် သူရထက်အောင်(ခ)ကိုသူ မောင်းနှင်ပြီး မကေသဇင်အေး(ခ)မကေ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် အောင်ဇော်ဦး(ခ)အာကာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် ကက်တမင်းအလေးချိန် ၃၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂ သိန်း)၊ အက်တက်စီ ဆေးပြား ၃၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈ သိန်း)၊ Happy Water အလေးချိန် ၁၃၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ၁၆ ၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ ဆာကူရာလမ်းတွင် မသင်္ကာဖွယ် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသည့် ဉာဏ်ဝင်းအောင်(ခ)ဉာဏ်ကြီး နှင့် စောမင်းထက်(ခ)စောကြီး(ခ)ဖိုးသား တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး(အက်တက်စီ)ဆေးပြား ၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ပြောင်းဆေးဝါးများနှင့် စပ်လျဉ်း၍ သူရထက်အောင်(ခ)ကိုသူ(၃၀)နှစ်၊ မကေသဇင်အေး(ခ)မကေ(၂၉)နှစ်  နှင့် အောင်ဇော်ဦး(ခ)အာကာ(၃၁)နှစ်၊ ဉာဏ်ဝင်းအောင်(ခ)ဉာဏ်ကြီး(၃၀)နှစ် နှင့် စောမင်းထက်(ခ)စောကြီး(ခ)ဖိုးသား(၂၉)နှစ်တို့အား ပြင်ဦးလွင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)