သံဖြူဇရပ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် သက်ကြီးဘိုး/ ဘွားများအား အိမ်တိုင်ရာရောက်ဂါရဝဂုဏ်ပြု ချီးမြှင့်ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် သက်ကြီးဘိုး/ ဘွားများအား အိမ်တိုင်ရာရောက်ဂါရဝဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်



MNP ၊ အောက်တိုဘာ  ၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုငွေများကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ သက်ကြီးဘိုး/ ဘွားများအား ဂုဏ်ပြုပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ဂါရဝဂုဏ်ပြုချီးမြှင့်​ ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ပေးအပ်ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ  ဂုဏ်ပြုပေးအပ်ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တစ်ဆင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က သံဖြူဇရပ်မြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုး/ ဘွား (၈)ဦးတိုးအား တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၀၀၀၀၀)ကို အိမ်တိုင်ရာရောက် ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှလည်း ဆင်းရဲနွမ်းပါးသည့် အိမ်တိုင်ရာရောက် အစောင့်အရှောက်ခံ သက်ကြီးဘိုး/ ဘွား(၂၆)ဦးအား တစ်ဦလျင် ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့် ဘိုး/ဘွား (၂၆)ဦးကို စုစုပေါင်းငွေကျပ် (၁၃၀၀၀၀၀) ပေးအပ်ရာ သံဖြူဇရပ်မြို့နယ်အတွင်း စုစုပေါင်းငွေကျပ် (၂၁၀၀၀၀၀)ကို အိမ်တိုင်ရာရောက် ဂါရဝဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)