ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊ အောက်တိုဘာ  ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား အောက်တိုဘာ ၅ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ၏စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံကိန်းချေးငွေများ မတည်ထုတ်ချေး၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းကဏ္ဍနှင့် အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုကဏ္ဍလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ရန် လမ်းညွှန်ထားရှိရာ အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းချေးငွေဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ဒေသခံတောင်သူ ဦးမြင့်ကျော် အပါအဝင် တောင်သူ(၄)ဦး စုပေါင်းပြီး စီမံကိန်းချေးငွေကျပ် ၈၂၅၀၀၀၀ ဖြင့် မြေအောက်အနက်ပေ ၅၀၀ ရှိ လေးလက်မခွဲ စက်ရေတွင်းတူးဖော်၍ 2050 w Solar ပြားများ တပ်ဆင်၍ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဖော်ဆောင်လုပ်ကိုင်လျက်ရှိကြောင်း သိရကာ အဆိုပါ  Solar ရေတင်စနစ် အသုံးပြုဆောင်ရွက်သည့် စက်ရေတွင်းမှာ တစ်နာရီလျှင် စိုက်ပျိုးရေဂါလန် ၁၅၀၀ ခန့် ထွက်ရှိ၍ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေဖူလုံစွာရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။


အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းချေးငွေဖြင့် မြေအောက်ရေအသုံးပြု စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ယမန်နေ့က ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဒေသခံတောင်သူ ဦးလူမင်းဟန်နှင့် ဒေသခံရပ်မိရပ်ဖများက ယခုကဲ့သို့ နိုင်ငံတော်အစိုးရမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့်  နိုင်ငံ၏ စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးအတွက် ဒေသခံကျေးလက်နေပြည်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်း ဖော်ဆောင်ပေးမှုအပေါ် များစွာကျေးဇူးတင်ရှိကြောင်း၊ ယခုလက်ရှိ မိမိတို့ ဒေသခံတောင်သူများ စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်နေသည့် မြေအောက်ရေအသုံးပြု Solar ရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းမှာ သီးနှံအောင်ရေဖူလုံစွာရရှိ၍ ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာတွင် ယခင်နှစ်များထက် သီးနှံအထွက်နှုန်း ပိုမိုရရှိလာနိုင်မည်ဖြစ်၍ နိုင်ငံ၏စိုက်ပျိုးစွမ်းအားကိုမြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် ဆောင်ရွက်လုပ်ကိုင်နေသည့် မြေအောက်ရေအသုံးပြု၍ သီးနှံစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး စက်ရေတွင်းနှင့်ဆက်စပ်ပစ္စည်းများ ရေရှည်အသုံးပြုလုပ်ကိုင်နိုင်ရေး စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေလေလွင့်မှုမဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန် ဒေသခံတောင်သူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)