ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သား/ငါး ဝယ်ယူစားသုံးမှု အဆင်ပြေစေရန် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နေ့စဉ် ကြပ်မတ်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သား/ငါး ဝယ်ယူစားသုံးမှု အဆင်ပြေစေရန် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နေ့စဉ် ကြပ်မတ်စစ်ဆေး


MNP ၊ အောက်တိုဘာ  ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါးဝယ်ယူ စားသုံးမှုအဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေး အပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် နေ့စဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံက သိရသည်။


ထိုသို့ ဒေသခံပြည်သူလူထု စားသောက်ရေးအဆင်ပြေစေရန်နှင့် သား/ငါးများ ဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် တစ်ပြေးညီ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မဈေးအပါအဝင် ကုန်းဇောင်းကျေးရွာ၊ ရှောက်တောကျေးရွာ၊ ကျောင်းတော်ရာကျေးရွာနှင့် လယ်ကိုင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေး (၄)ခုတွင် ဖွင့်လှစ်ရောင်းချနေသည့် သား/ငါး ဈေးဆိုင်ခန်းများတွင် အမဲသား (၁)ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ ဝက်သား (၁)ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ ဆိတ်သား(၁)ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ဈေးနှုန်းဖြင့် ဗီနိုင်းဆိုင်းဘုတ်များချိတ်၍ ဈေးနှုန်းများ လျှော့ချသတ်မှတ်ကာ ရောင်းချပေးနေကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မဈေးနှင့် ကျေးလက်စည်ပင်သာယာဈေး (၄)ခုတို့အား ကွင်းဆင်းသွားရောက်ပြီး (ဝက် ၊ အမဲ ၊ ဆိတ်)လိုင်စင်စီများမှ သား/ငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ အရိုး /အသားအဆီ/အရွတ်များ ရောနှော၍ ရောင်းချခြင်း ရှိ/မရှိနှင့် အလေးချိန်ခွင် မှန်ကန်မှု ရှိ/ မရှိ တို့ကို ကြပ်မတ်စစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စည်ပင်သာယာဈေးများအလိုက်(ဝက် ၊ အမဲ ၊ ဆိတ်)ရောင်းချနေသူများနှင့် ဈေးသူဈေးသားများကို စားသုံးသူပြည်သူလူထု အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ရောင်းချနေသည့် သား/ငါးများနှင့် ဟင်းသီးဟင်းရွက်များ သန့်ရှင်းလတ်ဆတ်မှု ရှိစေရေး၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး၊ နေ့စဉ် ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေးမပြတ် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)