MNP ၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်း ကို မြို့နယ် မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့် မြို့ပေါ်ရပ်ကွက်များ အတွင်း နှိုးဆော် ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်နိုင်ဖြိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ် အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံး များတွင် မီးဘေး လုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်း ကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန် နှင့် မော်တော်ယာဉ်များ၊ စက်သုံး ဆီဆိုင်များ၊ ဟိုတယ်များ၊ တည်း ခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦ များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေး ကြိုတင် ကာကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြိမ်းသတ်ရေး ပစ္စည်းများ ဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူး များ၊ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း နှင့် မီး လောင်မှု ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်း နံပါတ် များအား ပြည်သူ့လူထုများ သိရှိနိုင်ရေး အတွက် အသိ ပေး လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရ သည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment