အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) ၌ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) ၌ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး





MNP ၊ အောက်တိုဘာ  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်)၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသော ကျောင်းသား/သူများအား ပန်းခင်းစီမံချက် -၂ ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အင်းတော်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မိမိတို့အနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား နှစ်စဉ် ကျောင်းဖွင့်ရာသီများတွင် စာသင်ချိန်မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက် ရရှိနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်- ၂ အရ၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) တွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်းတော်မြို့နယ် မြို့နယ်ဦးစီးမှူး ဦးစံတင်ဦးက ပြောပြခဲ့သည်။


အဆိုပါ ပန်းခင်းစီမံချက် - ၂၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသည့် နေရာသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များ လာရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အင်းတော်မြို့နယ်ရုံးအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) မှ ကျောင်းသား/သူ ၁၆၀ ဦးခန့်အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများအား အာဟာရဒါနအဖြစ် ကြက်သားဆန်ပြုတ်များကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။


ကျော်သီဟ

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)