လှည်းကူးမြို့နယ်၊ ငမိုးရိပ်ဆည် ရေထိန်းတံခါးအတွင်း အမှိုက်များပိတ်ဆို့မှုအား ရှင်းလင်းဖယ်ရှား၊ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်၊ ငမိုးရိပ်ဆည် ရေထိန်းတံခါးအတွင်း အမှိုက်များပိတ်ဆို့မှုအား ရှင်းလင်းဖယ်ရှား၊ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP ၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ငမိုးရိပ်ချောင်းရေ မြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး ငမိုးရိပ်ဆည်ရေထိန်းတံခါးအတွင်း အမှိုက်များပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိရာ အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းစစ် ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ပိတ်ဆို့လျက်ရှိသော အမှိုက်များအား ရှင်းလင်း ဖယ်ရှားပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆည်အတွင်းရေဝင်ရောက်မှုနှင့် ရေထိန်းတံခါး ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။


အလားတူ လှည်းကူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြာအင်းကျေးရွာရှိ ဇေတဝန်ကျောင်းတိုက်၊ ကြို့ကုန်းကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်းနှင့် ကမ်းနီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းများ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါရေများပြန်လည်ကျဆင်းသွားပြီဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင် အင်းတိုင်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝန်း များအတွင်း/ အပြင်ရှိ တင်ကျန်ခဲ့သောနုံးများနှင့် အမှိုက်များအား ဖယ်ရှားရှင်းလင်း ပေးခြင်း၊ စာသင်ခုံများအား ပြန်လည်နေရာချထားပေးခြင်းနှင့် လိုအပ်သည့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)