ရွှေတောင်မြို့နယ်တွင် တောင်သူများပူးပေါင်းပါဝင်ဆောင်ရွက်သည့် BS to CS စိုက်ခင်းအား ခေါင်နှံ ရွေးချယ်ခြင်းကွင်းသရုပ်ပြပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် တောင်သူများပူးပေါင်းပါဝင်ဆောင်ရွက်သည့် BS to CS စိုက်ခင်းအား ခေါင်နှံ ရွေးချယ်ခြင်းကွင်းသရုပ်ပြပွဲ




MNP ၊ အောက်တိုဘာ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မင်းကွန်းအုပ်စု၊မင်းကွန်းကျေးရွာ ကွင်းအမှတ် ၄၁၉ B ရှိတောင်သူ ဦးကျော်လွင်၏ BS to CS စိုက်ခင်းအား ယနေ့ နံနက်ပိုင်းက ခေါင်နှံရွေးချယ်ခြင်းကွင်းသရုပ်ပြပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်းဒယ်နီရယ်ထွန်းတင်၊ပြည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ဒေါ်မြင့်မြင့်သိန်း၊ပြည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချတာဝန်ခံ ဒေါ်အေးအေးမင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ဒေသခံတောင်သူများတက်ရောက်ခဲ့ကြသည်။


အဆိုပါ မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်ခေါင်နှံရွေးချယ်ခြင်းဖြင့်ဒေသအတွင်းမျိုးလိုအပ်ချက်များအတွက်တောင်သူများကိုယ်တိုင် ခေါင်နှံများရွေးချယ်၍မျိုးသန့်ထိန်းသိမ်းခြင်း၊မျိုးစေ့လိုအပ်ချက်များဖြည့်ဆည်းနိုင်ခြင်း၊သက်တမ်းတိုစပါးမျိုးလိုအပ်ချက်အား မိမိတို့ဒေသအတွင်း အလွယ်တကူ မျိုးပွားနိုင်ခြင်းဖြင့်တောင်သူများ၏ လိုအပ်သည့်မျိုးကောင်းမျိုးသန့်မျိုးစေ့ အချိန်မီရရှိနိုင်ရန် ရည်ရွယ်ဆောင်ရွက်ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)