ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community. Center ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community. Center ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ အောက်တိုဘာ  ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ယမန်နေ့နံနက်(၁၁)နာရီတွင်(Women Club)အဖွဲ့ဝင်များနှင့် စာရေးဆရာမ ခင်စောတင့်ရေသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းတွင် ပြန်ုကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးခိုင်က စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (WomenClub)အဖွဲ့ဝင် စာရေးဆရာမ ဒေါ်စုစုသိန်းက စာဖတ်ဝိုင်းအား ဦးဆောင်ဆွေးနွေးခဲ့ပါသည်။


ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ (Women Club) အဖွဲ့ဝင်များက လမ်းလျှောက်ထွက်ကြမယ်၊ မွေးမေမေနဲ့ကျွေးမေမေ၊ မျှော်လင့်ချက်၊ စွန့်စားမှုဆီသို့ခြေတစ်လှမ်း၊ သနားကြင်နာမှုသည်သာ၊ တန်ဖိုးထားပါစားစရာစသည့် အကြောင်းအရာတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


မိုးမိုးခိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)