မင်းလှမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ အောက်တိုဘာ    ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့် (Women Club) အဖွဲ့တို့ပူးပေါင်း၍ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်  ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင် က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ သမုတိမျိုးမြင့်က အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်မှ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့ အရာများအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ရာ (Women Club) အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။


ပေါက်စ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)