မြောက်ဦးမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အသိပညာပေး ဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အသိပညာပေး ဟောပြော




MNP ၊ အောက်တိုဘာ  ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှ သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး အသိပညာပေးဟောပြောခြင်းကို ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း)အစည်းအဝေးခန်းမ၌  ယနေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၁) ဦးသိန်းထွန်းမှ သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HPV) သည် နိုင်ငံတကာသုတေသနပြုချက် များအရ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ကြောင်း၊ သားအိမ်ခေါင်းရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့်အတွက် အဆိုပါ ရောဂါကိုကာကွယ် နိုင်ရန်အတွက် အမျိုးငယ်များ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များကို ကာကွယ် ဆေးထိုးနှံလျှက်ရှိပြီး မထိုးနှံရသေးသောကလေးငယ်များအား ဆက်လက်ထိုးနှံပေးနိုင်ရန် ဆောင် ရွက်လျက်ရှိ သည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်  ချုပ်ရေးမှူးများ၊ ရပ်ကျေး/စာရေးများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)