Korea association Myanmar သည် မြန်မာနိုင်ငံ ပြည်တွင်းရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို တားမြစ်ထားကြောင်း အသင်းဥက္ကဋ္ဌ ထုတ်ပြန်ကြေညာ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

Korea association Myanmar သည် မြန်မာနိုင်ငံ ပြည်တွင်းရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို တားမြစ်ထားကြောင်း အသင်းဥက္ကဋ္ဌ ထုတ်ပြန်ကြေညာ

027

MNP ၊ အောက်တိုဘာ ၂၆

ရာသီချိန်လုပ်သား ခေါ်ယူခြင်း နှင့် ပတ်သက်၍ သတင်းအတုအယောင်များ ထွက်ပေါ်နေသည့်အပေါ် မြန်မာနိုင်ငံ ကိုရီးယားအသင်း ဥက္ကဋ္ဌ လီဗြောင်ဆူ က ယမန်နေ့က အသိပေးချက်ထုတ်ပြန်ထားသည်။

၎င်း၏ ထုတ်ပြန်ချက်တွင် Korea Association Myanmarသည် ငွေကြေးအမှီအခိုကင်းလွတ်သည့်အပြင် လုပ်ငန်းရန်ပုံငွေဖြင့် ကိုယ်ပိုင်ပွဲ၊ ကိုရီးယားဘာသာစကားစာသင်ကျောင်း၊ ပညာသင်ဆု၊ ဆင်းရဲနွမ်းပါးသူများအား ထောက်ပံ့မှု၊ မြန်မာနိုင်ငံသားများအတွက် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု၊ဆေးဝါးထောက်ပံ့မှု အစရှိသဖြင့်)လုပ်ငန်း အစီအစဉ်များအတွက် ကုန်ပစ္စည်းပြပွဲများ၊ ကိုရီးယားသတင်းစာစောင်များ ထုတ်ဝေလျက်ရှိပြီး ၂၀၂၂ခုနှစ် ၁၁လပိုင်းတွင် အသင်းအဖွဲ့အဖြစ် DICAတွင် တရားဝင် မှတ်ပုံတင်ပြီးနောက်တွင် ကိုရီးယား-မြန်မာ အကျိူးအမြတ်ရရှိစေသော ရာသီချိန်လုပ်သား ခေါ်ဆောင်သည့် လုပ်ငန်းကို သွယ်ဝိုက်‌သောနည်းဖြင့် ထောက်ပံ့ပေးကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ခြင်းနှင့် လူမှု ပရဟိတလုပ်ငန်း ၊Korea Association Myanmar ၏ ဘဏ္ဍာရေးတိုးချဲ့များအတွက် စီမံအသုံးပြုခဲ့သော်လည်း လက်ရှိ လုပ်သားအင်အား လွှဲပြောင်းပို့ဆောင်သော လုပ်ငန်း၏ ဆန့်ကျင်မှုနှင့် မြန်မာအစိုးရ အဖွဲ့အစည်းနှင့် လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုသည်ဆိုသော အတုအယောင် စာရွက်စာတမ်းများ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လျက်ရှိကာ၊ Korea Myanmar Association ၏ အခြေခံစည်းမျဉ်းများဖြစ်သော ပရဟိတ၊ ဝန်ဆောင်မှုနှင့် အပ်နှံခြင်း၊ နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှုမရှိခြင်း စသည်တို့ကို အထင်အမြင် လွဲမှားမှုများ ခံနေရကြောင်း ဖော်ပြထားသည်။

Korea association Myanmar သည် သီးသန့်အဖွဲ့အစည်းတစ်ခု အဖြစ်ဖြင့် လုပ်ငန်း၏ အကျိူးစီးပွားကိုသာ ဦးတည်ထားခြင်းမျိူးနှင့် မြန်မာနိုင်ငံ ပြည်တွင်းရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို တားမြစ်ထားကြောင်း၊ အထင်အမြင်လွဲမှားမှု၏ ကနဦးဖြစ်သော ရာသီချိန် လုပ်သား ခေါ်ယူခြင်း လုပ်ငန်းအား လုံးဝ ဖျက်သိမ်းကာ ယခုကာလအတောအတွင်းတွင် ပတ်သက်ဆက်နွယ်ခဲ့သော နိုင်ငံသားပို့ဆောင်ခြင်းလုပ်ငန်းနှင့် နှင့် နှုတ်ကတိကိုလည်း ဖျက်သိမ်းပါကြောင်း ဖော်ပြထားသည်။

ထို့အတူ ဆိုရှယ်မီဒီယာတွင်ပျံ့နှံ့နေသော ကိုရီးယားအသင်းအဖွဲ့သည် မြန်မာအကျိုးစီးပွါးအုပ်စု အားပေးပို့ခဲ့သည်ဟူသော စာရွက်စာတမ်းသည် အတုအယောင်ဖြစ်ပြီး အကျိုးသက်ရောက်မှုမရှိကြောင်း၊ (ယခုလက်ရှိတွင် အသုံးမပြုသော တံဆိပ်တုံးအား အသုံးပြုထားခြင်း၊ တရားဝင် Letterhead ပုံစံမူနှင့် တံဆိပ်အရွယ်အစားကွဲပြားခြင်း၊ မမှန်ကန်သော အကြောင်းအရာများနှင့် ဖြည့်စွက်ထားခြင်း စသော သက်သေအထောက်အထားများ ပူးတွဲပါရှိပါသည်။)

ရှေ့လျောက် မြန်မာနိုင်ငံရှိ ကိုရီးယားအသင်းအဖွဲ့သည် နိုင်ငံရေးကြားနေမှုနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် အကျိုးသက်ရောက်စေသော (သို့) အထင်အမြင်လွှဲမှားနိုင်သော ကိစ္စရပ်များကို တားမြစ်ကာ မြန်မာပြည်ရောက် ကိုရီးယားများနှင့် ပြည်ပရောက် ကိုရီးယားတို့၏ လုံခြုံဘေးကင်းမှုနှင့် လူမှုဖူလုံရေးမြှင့်တင်မှုများအတွက် ကြိုးစားသွားမှာဖြစ်ပြီး ကိုရီးယားအသင်းအဖွဲ့၏ အဖွဲ့ဝင်များကဲ့သို့ဟန်ဆောင်ကာ ကိုရီးယားအသင်းအဖွဲ့ အမည်အား အသုံးချကာပြုလုပ်ထားသော အတုအယောင်စာရွက်စာတမ်းများ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်သောအရာများကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကိုရီးယားအသင်း ဥက္ကဋ္ဌ လီဗြောင်ဆူ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages