ရမ်းဗြဲမြို့၌ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၉

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ ၊စာပေချစ်မြတ်နိုးသူ ပြည်သူများထံသို့  ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများမှMobile စနစ်ဖြင့်  စာအုပ်စာစောင်များ  ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွှဲ(၁၂)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနသို့  သွားရောက်ပြီး (အခမဲ့) ငှားရမ်းပေးကြသည်။


ထိုသို့ဆောင်ရွက်ရာတွင်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာကြည့်တိုက်သို့ 

မလာရောက်နိုင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ ပြည်သူများအတွက်သုတ/ရသ၊  မဂ္ဂဇင်း    နှင့်ဝတ္ထု၊ စာအုပ်စာစောင်များကို  ယူဆောင်လျှက် ငှားရမ်းပေးခဲ့ကြရာ လူမှုဝန်ထမ်းဦးစီးဌာန  ဝန်ထမ်းများကလည်း  ကြိုက်နှစ်သက်ရာ သုတ/ရသမဂ္ဂဇင်း စာအုပ်စာစောင်များကို  ဖတ်ရှုရန်အတွက်  အားရဝမ်းသာ ငှားရမ်းခဲ့ကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   စာအုပ်စာစောင်များကို Mobile စနစ်ဖြင့်  ငှားပေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများသာမက   ပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ကြရန်အတွက်  အိမ်တိုင်ရာရောက်စနစ်ဖြင့်လည်း  အခမဲ့ငှားရမ်းပေးခြင်းနှင့်  လူငယ်များအတွက်  ကာယ၊ ဉာဏ၊ စာရိတ္တများဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပြပွဲ ၊ ပြိုင်ပွဲများ ဟောပြောပွဲများကို ကျင်းပပေးလျှက်ရှိကြောင်း သိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)