မြန်မာနိုင်ငံတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Nikolay SHULGINOV ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Nikolay SHULGINOV ပြောကြား


MNP ၊ အောက်တိုဘာ ၁၃

(၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်(REW)သို့ တက်ရောက်ရန် ရုရှားနိုင်ငံမော်စကိုမြို့၌ ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး မစ္စတာနီကိုလေရှိုဂီနော့ (Mr. Nikolay SHULGINOV) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ ဒုတိယစွမ်းအင်ဝန်ကြီး မစ္စတာဆာဂျေးမီချောနစ်ကာ့ (Mr. Sergey MOCHAL-NIKOV)၊နှင့် ရုရှားနိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော INTER RAO Export ၊ Zarubezhneft ၊ JSC RosGeo အဖွဲ့အစည်းများ၏ အကြီးအကဲများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Nikolay SHULGINOV က မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် INTER RGO Export ကုမ္ပဏီနှင့် ပူး‌ပေါင်းဆောင်ရွက် လိုပါက မိမိတို့ ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ရေနံဓာတုဗေဒလုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ယခင်နှစ်က ကျင်းပခဲ့သည့် စွမ်းအင်ဖိုရမ်တွင်လည်း ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကျင်းပလျက်ရှိသည့် ဖိုရမ်တွင်လည်း စွမ်းအင်နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသွားရန်ရှိကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍လည်း ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာ လုပ်ငန်းများ၊ Digital Geological Map ရေးဆွဲနိုင်ရေးလုပ်ငန်းများတွင်လည်း မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးပေးရန် အသင့်ရှိကြောင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် တွေ့ဆုံဆွေးနွေးမှုများကို အခြေခံ၍ လက်တွေ့နယ်ပယ်တွင် အမှန်တကယ်ပူးပေါင်းဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် အဆွေတော်အနေဖြင့် အကူအညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယနေ့နိုင်ငံတကာ၌ စွမ်းအင်သည် အဓိကကျသော အခန်းကဏ္ဍတွင် ရောက်ရှိနေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ပြည့်စုံစေရေးအတွက် စွမ်းအင်ဖူလုံမှုသည် အရေးကြီးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ရေရှည်စီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းအင်လိုအပ်ချက်ဖူလုံရေးကို သေချာစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက် လျက်ရှိရာတွင် လိုအပ်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအကူအညီတို့ကို မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်ရန်မျှော်လင့်ကြောင်း၊ စွမ်းအင်ဖူလုံရေးကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း Electric Vehicle များ အသုံးပြုလာစေရန်အတွက် အားပေးအားမြှောက်ပြုပြီး Renewable Energy များ ဖြစ်သည့် Solar Energy ၊ Wind Power Energy များ အသုံးပြုရန်အတွက် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် သမားရိုးကျနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် အဆွေတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရန် မျှော်လင့်ကြောင်း ဆွေးနွေးပြော ကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)