ကျိုက်ထိုမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ Parbisure အမည်ဖြင့်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကျိုက်ထိုမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ Parbisure အမည်ဖြင့်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

98

99


MNP ၊ အောက်တိုဘာ  ၁၈

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တရားဝင် မှတ်ပုံတင်ထားသည့်ဆေးဝါးနှင့်ပုံစံတူ တရားမဝင် ဆေးဝါးရောင်းချခြင်းများရှိ/မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ယနေ့ မွန်းလွဲပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


    ထိုသို့ ဆောင်ရွက်ရာတွင် Towards Ultimate Company Ltd;မှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ဆေးဝါးမှတ်ပုံတင်ရရှိထားသော Pabrinex  IV/ HV Injection အကြောအားဆေးအား(FAD) ၏ထောက်ခံချက်နှင့်အညီတရားဝင်တင်သွင်းရောင်းချလျက်ရှိရာအဆိုပါဆေးနှင့် (Composition & Strength) ဘူးခွံDesign ဆင်တူဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုချက်အမှတ် DRC Noနှင့် Insert ပါခြင်းမရှိသော   Parbisure ဆေးဝါးများကိုဈေးကွက် အတွင်းတရားမဝင်တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိပါသောကြောင့်၎င်းဆေးများကိုကျိုက်ထိုမြို့နယ်အတွင်းရှိဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များတွင် တင်သွင်းရောင်းချခြင်း/ဖြန့်ဖြူးခြင်းရှိ/မရှိကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ၎င်းဆေးအားရောင်းချပါကတည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအား ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များကို အသိပေးပြောကြားခဲ့ကြောင်းသိရသည်။


ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စည်ပင်သာယာရေးအဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးခဲ့ကြောင်းသိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages