TNLA အကြမ်းဖက်သမားများက နမ့်ခမ်းမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာယာကုန်းရပ်ကွက်မှ အသက် ၁၂ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးကာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

TNLA အကြမ်းဖက်သမားများက နမ့်ခမ်းမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာယာကုန်းရပ်ကွက်မှ အသက် ၁၂ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးကာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ

065

MNP ၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်းသို့ TNLA အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သာယာကုန်းရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ကလေးငယ် ၂ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် TNLA အကြမ်းဖက်သမားများက နမ့်ခမ်းမြို့အတွင်းသို့ မြို့၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒုံးသီးများသည် နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် ၁၂ နှစ်နှင့် ၉ နှစ်အရွယ် အပြစ်မဲ့ကလေးငယ် ၂ ဦး သေဆုံးခဲ့ကာ အသက် ၄ နှစ် အရွယ်ကလေးငယ် ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒဏ်ရာရရှိသည့် ကလေးငယ်အား နမ့်ခန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages