ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ် အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲဆု‌ချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ် အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲဆု‌ချီးမြှင့်ပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် Royal-D အချိုရည်ကုမ္ပဏီတို့ ပူးပေါင်း၍  မြို့နယ်လေ့ကျင့်ရေးဘောလုံးအားကစားကွင်း၌  ထူးချွန်ထက်မြက်သောအားကစားသမားများ ပေါ်ထွက်လာစေရေးဦးတည်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်  အသက်(၁၄)နှစ်အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်လေ့ကျင့်ရေးဘောလုံးကွင်းတွင်  ကျင်းပခဲ့သည်။


မြို့နယ်အတွင်း    အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ်များတွင် ကာယပညာနှင့် အားကစားလှုပ်ရှား‌မှုများ ဆောင်ရွက်စေခြင်းဖြင့် လူငယ်တစ်ဦးနှင့်တစ်ဦး၊ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ယဥ်ကျေးသိမ်မွေ့မှု စသည့်ကောင်းမြတ်သော အရည်အသွေးများရရှိလာစေရန်၊ ကျောင်းသားများအနေဖြင့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် ယှဥ်ပြိုင်နိုင်သည့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကိုသိရှိပြီး တစ်ဦးချင်း ဘောလုံးအရည်အသွေးများ တိုးတက်လာစေရန်နှင့် အားကစားဖြင့်နိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်းအားကစားသမားများပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ပြီး  ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  အလယ်တန်းအဆင့် အသက်(၁၄)နှစ်အောက်(အမျိုးသား) မြို့နယ်အဆင့်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်​ခဲ့ပြီး အသင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြရာ အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းမှ ပထမ၊ အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်းမှ ဒုတိယ၊ အမှတ်(၅)အခြေခံပညာအထက်တန်း‌ကျောင်းမှ တတိယအသီးသီးရရှိကြပြီး ဆုများအားမြို့နယ်အားကစားမှူး ဒေါ်သန်းသန်းနွယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်ဦးနှင့် တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


မြင့်မြင့်ရီ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)