ရွှေတိဂုံဘရား အနောက်ဘက်မုခ် မှ ပြည်သူ့ရင်ပြင် မြေအောက်ဥမင် (Under pass) တည်ဆောက်ခြင်း မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေတိဂုံဘရား အနောက်ဘက်မုခ် မှ ပြည်သူ့ရင်ပြင် မြေအောက်ဥမင် (Under pass) တည်ဆောက်ခြင်း မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

013

014


MNP ၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ဦးဝိစာရလမ်း၊ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့နံနက် (၇) နာရီအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြေအောက်ကူးလူးသွားလာဥမင် (Under pass) တည်ဆောက်ခြင်းမြေသန့်မင်္ဂလာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးမှူးနှင့် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်၍ ဆရာတော်အရှင်သူမြတ်များထံမှ တရားတော်များနာယူကြည်ညိုခြင်းနှင့် ဆရာတော်များက ပရိတ်တရားတော်များရွတ်ဖတ်ခြင်း၊ ကမ္မဝါဖတ်ခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများလိုက်ပါလျက် ရွှေတိဂုံစေတီတော်၊ အင်္ဂါထောင့်ရှိ ဗောဓိမဏ္ဍိုင် တန်ဆောင်းတွင်ကျင်းပသည့် ပွင့်တော်မူပြီးသော ဘုရားလေးဆူ အထိမ်းအမှတ် ဗုဒ္ဓခြေတော်ရာများပူဇော်ပွဲသို့ရောက်ရှိ၍ ဆရာတော်အရှင်သူမြတ်များထံမှ တရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။


မိုးမိုးခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages