MNP ၊ အောက်တိုဘာ ၁၉
ဩစတြီးယားသမ္မတနိုင်ငံ၊ ဥရောပနှင့်နိုင်ငံတကာရေးရာဝန်ကြီးဌာနက ကြီးမှူးလျက် Vienna Conference on Combatting Trafficking in Human Beings : BOUNDARIES AND FRONTIERS IN HUMAN TRAFFICKING ဆွေးနွေးပွဲကို ၁၉-၁၀-၂၀၂၃ ရက်တွင် Vienna School of International Studies ၌ ကျင်းပခဲ့ရာ၊ ဖွင့်ပွဲအခမ်းအနားသို့ ဗီယင်နာမြို့အခြေစိုက် မြန်မာသံအမတ်ကြီး/ ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ သံမှူး ဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် လက်ချင်စတိန်းနိုင်ငံ နိုင်ငံခြားရေး၊ ပညာရေးနှင့်အားကစားဝန်ကြီး H.E. Ms. Dominique Hasler (online) ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂရုံး (UNOV) ညွှန်ကြားရေးမှူးချုပ်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး အမှုဆောင်ညွှန်ကြား ရေးမှူး Ms. Ghada Fathi Waly (online)၊ ဩစတြီးယားနိုင်ငံဥရောပနှင့် နိုင်ငံတကာရေးရာ ဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာအတွင်းရေးမှူးချုပ် (ဒုတိယဝန်ကြီး) H.E. Mr. Nikolaus Marschik ၊ ဥရောပသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးညှိနှိုင်းရေးမှူး Ms. Diane Schmitt ၊ ဩစတြီးယားနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးညှိနှိုင်းရေးမှူး Mr. Georg Stillfried တို့ အမှာ စကားများ ပြောကြားခဲ့ကြပြီး၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Volker Turk က လူ့အခွင့်အရေးနှင့် လူကုန်ကူးမှုတို့အကြားဆက်နွယ်မှုတို့နှင့်ပတ်သက်၍ မိန့်ခွန်း (Keynote Speech) ကို online မှတစ်ဆင့် ပြောကြားခဲ့သည်။
ထို့နောက် Boundaries and Frontiers in Human Trafficking ကို panel discussion အဖြစ် ဆွေးနွေးခဲ့ကြပြီး၊ မွန်းလွဲပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment