နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ 2023 Nanning Qingxiu District Creative Life Festival of the World Rice Noodle တွင် ပါဝင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ 2023 Nanning Qingxiu District Creative Life Festival of the World Rice Noodle တွင် ပါဝင်ပြသ





MNP ၊ နိုဝင်ဘာ ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၊ ချင်းရှုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပခဲ့သည့် 2023 Nanning Qingxiu District Creative Life Festival of the World Rice Noodle သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်ပြသခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို Nanning International Convention Center ၌ ၁၇-၁၁-၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ နန်နင်းကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြန်ကြားရေးဌာန ဥက္ကဋ္ဌဖြစ်သူ Mr. Zhao Tong Fu နှင့် နန်နင်းမြို့၊ ချင်းရှုမြို့နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Huang Yu တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ 

ထို့နောက် နန်နင်းကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြန်ကြားရေးဌာန ဥက္ကဋ္ဌဖြစ်သူ Mr. Zhao Tong Fu ၊ ကွမ်ရှီးကွန်မြူနစ်ပါတီကော်မတီ၊ ပြန်ကြားရေးဌာနဒုတိယဥက္ကဋ္ဌ Mr. Liu Kun နှင့် ဧည့်သည်တော်များက ညနေပိုင်းတွင် ပွဲတော်ကျင်းပသည့် Dong Fang Meng Street ၌ ကောင်စစ်ဝန်ချုပ်ရုံးမှ ခင်းကျင်းပြသထားသည့် မြန်မာ့အစားအစာပြခန်း အပါအဝင် အခြားအာဆီယံနိုင်ငံအစားအစာများ မိတ်ဆက်ပြသရောင်းချနေသည့် ပြခန်းများသို့ လိုက်လံကြည့်ရှုခဲ့ကာ ညစာစားပွဲ၌ မြန်မာ့အစားအစာများဖြင့်လည်း တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ပွဲတော်ရက်များအတွင်း ၁၇-၁၁-၂၀၂၃ ရက်နေ့တွင် နန်းကြီးသုပ်၊ ၁၈-၁၁-၂၀၂၃ ရက်နေ့တွင် အုန်းနို့ခေါက်ဆွဲနှင့် ၁၉-၁၁-၂၀၂၃ ရက်နေ့တွင် ကြာဇံဟင်းခါး စသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် ခင်းကျင်းဧည့်ခံခဲ့ရာ ပွဲတော်သို့ လာရောက်ကြသည့် ဧည့်သည်များမှ စိတ်ဝင်တစား နှစ်ခြိုက်စွာ အားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)