AA အဖွဲ့သည် ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အဖွဲ့သည် ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေ


MNP ၊ နိုဝင်ဘာ ၂၅

ပုဏ္ဏားကျွန်းဈေး မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က AA အဖွဲ့သည် ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေကြောင်း ယမန်နေ့က ရှင်းလင်းပြောဆိုသွားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "ရခိုင်ပြည်နယ်ဘက်မှာတော့ ပုဏ္ဏားကျွန်းဈေး မီးလောင်ခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ရခိုင် ပြည်နယ်မှာရှိတဲ့ မြို့၊ ရွာ၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်နေတာရှိပါတယ်။ ပုဏ္ဏားကျွန်းဈေး မီးလောင် တာနဲ့ပတ်သက်ပြီး ဒီဟာသည် ကျွန်တော်တို့သံသယရှိတာသည် အချိန်ကိုက် ရှို့မီးပဲဖြစ်နိုင်ပါတယ်။ AA အနေနဲ့ ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်ဖြစ်တာနဲ့အညီ မီးရှို့စရာအကြောင်း၊ ပစ်ခတ်စရာအကြောင်း မရှိပါဘူး။ စစ်ရေးပစ်မှတ်တွေကိုပဲ ကျွန်တော်တို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။" ဟု ရှင်းလင်းပြောဆိုသွားသည်။

ရှမ်းပြည်(မြောက်ပိုင်း)တွင် မဟာမိတ် ၃ဖွဲ့အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများက အောက်တိုဘာလ (၂၇) ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး တည်ငြိမ်အေးချမ်းလျက်ရှိသော ရခိုင်ပြည်ဘက်တွင်လည်း AA က တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)