MNP ၊ နိုဝင်ဘာ ၂၆
AA အကြမ်းဖက်သောင်းကျန်းသူများ က ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူလူထုကို စာထုတ်ပြီးတော့ မြို့ကနေ အမြန်ဆုံးထွက်ဖို့ဆိုပြီးတော့ ခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ယနေ့ည ထိတွေ့မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ထည့်သွင်းပြောဆိုသွားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က "ရခိုင်ပြည်နယ်ဘက်မှာတော့ AA အနေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူလူထုကို စာထုတ်ပြီးတော့ မြို့ကနေ အမြန်ဆုံးထွက်ဖို့ဆိုပြီးတော့ ခြိမ်းခြောက်လာတာ တွေ့ရပါတယ်။ ယခင်တုန်းကလည်း အလားတူပါပဲ။ ပေါက်တောမှာ ဒီလိုခြိမ်းခြောက် ပြီးတော့ မြို့နေလူထုကို အပြင်ထွက်ခိုင်းတာ မြို့ထဲမှာ မနေခိုင်တာမျိုး လုပ်ခဲ့ပါတယ်။ ပြီးရင် ဝါဒဖြန့်ချိမှုအနေနဲ့ ကယ်ထုတ်တယ်ဆိုတဲ့ဟာမျိုး အကြောင်းပြခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပုဏ္ဏားကျွန်းမှာ ဆက်လုပ်နေကြောင်း တွေ့ရပါတယ်။ အေးချမ်းစွာ နေထိုင်လိုတဲ့ ရခိုင်ပြည်သူလူထုအနေနဲ့ AA နဲ့ ပတ်သက်လာပြီး ဒီလိုနှင်ထုတ်တာတွေနဲ့ ပတ်သက်လာပြီး ဆန့်ကျင်နေကြကြောင်း ကျွန်တော်တို့ တွေ့ရပါတယ်။" ဟု ပြောဆိုသည်။
ရခိုင်အမျိုးသားတစ်ဦးက "ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ ဒီကာလမှာ ဆူပူအကြမ်းဖက်မှု ဘာမှမရှိဘူး။ ပြောမယ်ဆိုရင်တော့ဗျာ ပြည်ပြေး ဝရမ်းပြေး နီပိန်းတွေရဲ့ တိုင်းဖျက်ပြည်ဖျက် အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်တာမျိုးမရှိဘူး။ အခု AA က ကောင်တွေက ဘယ်ကဘယ်လို ထောက်ပံ့ပေးလိုက်လို့ ထပြီး မိုက်လုံးထွားပြန်လဲ မသိဘူး။ ရမ်းကားလာကြပြန်ပြီ။ ရခိုင်ပြည်သူလူထုအတွက်တို့၊ လွတ်မြောက်ရေးတို့ ပေါက်ပန်းစေး လျောက်ပြောတာပါ။ ကိုယ့်လူမျိုးကို တကယ်ချစ်ရင် ကိုယ့်လူမျိုးအတိဒုက္ခရောက်အောင် လုပ်မလားဗျာ။ ရခိုင်တွေရဲ့ မျိုးချစ်စိတ်ဓာတ်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတဲ့ကောင်တွေပါ။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်တယ်။ ညိုထွန်းအောင် ဆိုတဲ့ကောင်က ရခိုင်စစ်စစ်လည်း မဟုတ်ဘူး။ ဒီကောင့်အကြောင်း ကျွန်တော်ကောင်းကောင်းသိတယ်။ ဒီကောင်က ဘင်္ဂါလီသွေးပါတယ်။ ကျောင်းသားအရွယ်တုန်းက စစ်ထဲကို အရမ်းဝင်ချင်တဲ့ကောင်၊ ဘင်္ဂါလီစပ်ဖြစ်နေတော့ ဝင်မရဘူး။ အခုမှ ရခိုင်လူမျိုးကို အသုံးချပြီး လုပ်စားနေတဲ့ကောင်ပါ။" ဟု ပြောသည်။
နစကအစိုးရ တာဝန်ယူဆောင်ရွက်နေသည့် ကာလတလျှောက် ရခိုင်ပြည်သူလူသည် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများနောက်တွင် ပါဝင်ခြင်းမရှိဘဲ ပညာသင်ကြားရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေရာမှ AA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့သည်။ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ရခိုင်ပြည်သူတချို့က အမျိုးယုတ် ထွန်းမြတ်နိုင်နှင့် ULA/AA ကောင်တွေ ရခိုင်ပြည်နယ်တောင်ပိုင်းမှ ထွက်ခွါသွားရန် လမ်းဘေးတွင် စာကပ်၍ AA အကြမ်းဖက်သောင်းကျန်းသူများအား ဆန့်ကျင်နေကြခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment