ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ All- China Youth Federation မှ Mr. Zhou Xiaoping နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ All- China Youth Federation မှ Mr. Zhou Xiaoping နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ All- China Youth Federation မှ Mr. Zhou Xiaop-ing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ Navata Hotel ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံ မီဒီယာအချင်းချင်းအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာအကူအညီပေးရေး၊ ပြည်သူများအကြား သတင်း အမှားများ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင် ရေးနှင့် သတင်းအမှန်များ လျင်လျင် မြန်မြန်သိရှိနိုင်ရေး၊ ရုပ်မြင် သံကြား၊ ပုံနှိပ်မီဒီယာများအပြင် New Media ကဏ္ဍတွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရချင်းသာမက ပြည်သူများအချင်းချင်း ရင်းနှီးကျွမ်းဝင်နားလည်မှုရှိစေရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားကဏ္ဍများတွင်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော် Mr. Zhou Xiaoping နှင့်အတူ နေ့လယ်စာသုံးဆောင်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ညနေပိုင်းတွင် All China Youth Federation မှ Mr. Zhou Xiaoping ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားသို့ရောက်ရှိကြပြီး ပင်မအဆောက်အဦအတွင်း ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများကို လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့်စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့် ရေးမော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့်အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများစသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်း ပြသထားမှုများကိုလည်းကောင်း ကြည့်ရှုလေ့လာကြသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ မဟာဗောဓိဂြိုဟ် ရှစ်ခွင် ဘုရားဆီမီးတစ်ထောင် ပူဇော်ပွဲသို့တက်ရောက်၍ MRTV ပန်းခြံ၌ ကျင်းပသည့်မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ တန်ဆောင်တိုင်ပွဲတော်တွင် နိဗ္ဗာန်ဈေးပွဲတော် ကံစမ်းမဲဖောက်ပေးခြင်း၊ Channel များအလိုက် ပျော်ရွှင်ဖွယ်ကစားနည်းများ၊ တိုင်းရင်းသားရိုးရာအစားအစာများ ရောင်းချခြင်း၊ မီးပုံးပျံလွှင့်တင်ခြင်းနှင့် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ခြင်း၊ တန်ဆောင်တိုင် ရိုးရာစတုဒိသာကျွေးမွေးခြင်းနှင့် MRTV ခေတ်ပေါ်တီးဝိုင်းအဖွဲ့၏ ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)