စင်ကာပူမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ အာဆီယံဂုဏ်ပြုညစာစားပွဲ (ASEAN Gala Night) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စင်ကာပူမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ အာဆီယံဂုဏ်ပြုညစာစားပွဲ (ASEAN Gala Night) ကျင်းပ







MNP ၊ နိုဝင်ဘာ ၂၃

စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံရုံးများ၏ အာဆီယံဂုဏ်ပြုညစာစားပွဲ (ASEAN Gala Night) အား ၂၀၂၃ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသံရုံးမှ ကြီးမှူး၍ စင်ကာပူမြို့ Orchard Hotel ၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ (၁၈ ၃၀) နာရီမှ (၂၂ ၀၀) နာရီအထိ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ စင်ကာပူမြို့မှ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် H.E. Mr. Albert Chua၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဒေသ ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စင်ကာပူမြို့အခြေစိုက် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ သံရုံးများ၊ ပြင်ပမိတ်ဖက်နိုင်ငံသံရုံးများမှ သံအမတ်ကြီး/ သံရုံးအကြီးအကဲများနှင့် သံရုံးဝန်ထမ်းများ၊ သက်ဆိုင်ရာသံရုံးများအလိုက် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ယင်းအခမ်းအနားတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား သံအမတ်ကြီး  H.E. Mr. Suryo Ptatomo နှင့် အထူးဧည့်သည်တော် အမြဲတမ်းအတွင်းဝန် H.E. Mr. Albert Chua တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ASEAN Gala Night ဂုဏ်ပြုညစာစားပွဲတွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာယဉ်ကျေးမှုပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို မြန်မာပြခန်းငယ်၌ ခင်းကျင်းပြသခဲ့သည်။ ထို့ပြင် တက်ရောက်လာသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစားအစာများဖြစ်ကြသော အုန်းနို့ခေါက်ဆွဲ၊ ဆီထမင်းနှင့် မုန့်လိပ်ပြာ တို့ဖြင့်တည်ခင်းဧည့်ခံခဲ့သည်။ အခမ်းအနား၌ အထူးအစီအစဉ်အဖြစ် အာဆီယံနိုင်ငံသံရုံးများမှ ရိုးရာအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ မြန်မာသံရုံးမှလည်း သနပ်ခါးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့သည်။ 

အခမ်းအနားသို့ တက်ရောက်လာသူများအား အာဆီယံနိုင်ငံသံရုံးများမှ စီစဉ်ဆောင်ရွက်သည့် ကံစမ်းမဲများကို ဖွင့်ဖောက်ပေးအပ်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)