တစ်ပိုင်တစ်နိုင် မွေးမြူရေးမှစ၍ စီးပွားဖြစ် မွေးမြူနိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တစ်ပိုင်တစ်နိုင် မွေးမြူရေးမှစ၍ စီးပွားဖြစ် မွေးမြူနိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိ

006

MNP ၊ နိုဝင်ဘာ ၆

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၃ ရက်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် ၁၆ ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမ အသင်းမှတာဝန်ရှိသူများ၊ တိုင်း ဒေသကြီး/ ပြည်နယ်သမဝါယမ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမစနစ်ကိုကျင့်သုံးပြီး သမဝါယမအစုအဖွဲ့များဖြင့် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်ရန်လိုအပ်ပြီး တောင်သူလယ်သမားများ၏ အကျိုးကို ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း။


သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် တစ်ပိုင်တစ်နိုင် မွေးမြူရေးမှစ၍ စီးပွားဖြစ် မွေးမြူနိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မြစိမ်းရောင် (သမဝါယမ) စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ၁၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသုံးခုရှိ မြို့နယ် ၈၆ မြို့နယ်မှ အသင်းပေါင်း ၃၅၄သင်း၊ အသင်းသားဦးရေ ၁၄၃၆၃ ဦးတို့အား ရန်ပုံငွေကျပ်သန်း ၁၃ဘီလီယံကျော်ကို ပံ့ပိုးဆောင်ရွက်ပေးထားပါကြောင်း။


ဆောင်းသီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို အဓိကထား စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မိုးစပါးပြန်ကောက်ချိန်နှင့် ဆောင်းဆီထွက်သီးနှံစိုက်ပျိုးချိန် တိုက်ဆိုင်နေသည့်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (စိုက်၊ မွေး၊ ဆည်)မှ မိုးစပါးအတွက် ထုတ်ပေးထားသည့် ငွေများကိုလည်း သတ်မှတ်ချိန်အတိုင်း ပေးဆပ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်နှင့် နွေစပါးစိုက်ပျိုးရန်လိုအပ်သည့် မျိုးများရရှိအောင် ကြိုတင်ပြင်ဆင်ထားရန်လည်း တိုက်တွန်းနှိုးဆော် လိုပါကြောင်း။


မိုးစပါးစီမံကိန်း၊ လာမည့်ဆောင်းရာသီ ဆီထွက်သီးနှံစီမံကိန်း၊ နိုင်ငံတော်ဘတ်ဂျက်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အသင်းပိုင်လယ်ယာ မြေများအား တစ်နှစ်လျှင် သီးနှံသုံးကြိမ် စိုက်ပျိုးနိုင်ရေးနှင့် ကြက်၊ ဝက်၊ နွား၊ မွေးမြူရေး လုပ်ငန်းများကို စနစ်တကျ အောင်မြင်အောင် လုပ်ဆောင်ကြရန် မှာကြားသည်။


ဆက်လက်၍ သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဗဟိုသမဝါယမအသင်းလီမိတက်မှ အချိန်ပြည့် ဒါရိုက်တာက လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများက အသီးသီးဆွေးနွေးတင်ပြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages