ရန်ကုန် - ကူမင်း - ရန်ကုန် လေကြောင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးခရီးစဉ် နေ့စဉ် ပျံသန်းပြေးဆွဲ ပေးမည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရန်ကုန် - ကူမင်း - ရန်ကုန် လေကြောင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးခရီးစဉ် နေ့စဉ် ပျံသန်းပြေးဆွဲ ပေးမည်

007

008

009

011


MNP ၊ နိုဝင်ဘာ ၅

မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန် - ကူမင်း - ရန်ကုန် လေကြောင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight အား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ (၂၃:၅၅)တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ (၄)ရက်တွင် ပျံသန်းသည့် ရန်ကုန် - ကူမင်း လေယာဉ်ခရီးစဉ် (UB-8501) ဖြင့် ရေထွက်ကုန်ပစ္စည်း ဂဏန်း နှင့် ငါးရှဉ့် (၁၃၀၂၆ ကီလို) ပါရှိသော ပုံးအရေအတွက် (၄၄၉)ပုံး နှင့် ကူမင်း - ရန်ကုန် လေယာဉ်ခရီးစဉ် (UB-8502) ဖြင့် အထည်အလိပ်များ၊ အဝတ်အထည်နှင့်ပတ်သက်သည့်ပစ္စည်း (၁၃၈၈၆ကီလို) ပါရှိသော ပုံးအရေအတွက် (၆၇၃) ပုံး တင်ဆောင်ပျံသန်းခဲ့သည်။

ရန်ကုန် - ကူမင်း - ရန်ကုန် Cargo Flight အား နေ့စဉ်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages