မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏(၁၄)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏(၁၄)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ




MNP ၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏(၁၄)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက်၉နာရီခွဲတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရ  အမှူးပြုသောသံဃာတော်(၉)ပါးကြွရောက်တော်မူကြပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက် ကြသည်။ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တက်ရောက်လာကြသူများက မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရား တော်များ နာယူကြည်ညို ကြသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုသံဃာတော်များထံဆက်ကပ်လှူဒါန်းကြပြီး မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရထံမှကထိန်ရေစက်ချအနုမောဒနာတရားတော်မြတ်ကို နာကြားကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများကသံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)