ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အတွက် မြို့မ ဈေး ကြီး အတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်း စစ် ဆေး ဆောင်ရွက်ခဲ့ကြသည်။ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အတွက် မြို့မ ဈေး ကြီး အတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်း စစ် ဆေး ဆောင်ရွက်ခဲ့ကြသည်။

 MNP ၊  နိုဝင်ဘာ  ၉

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အတွက်   မြို့နယ် မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့မ ဈေး ကြီး အတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်း စစ် ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ  ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ ၊ ဈေးကော်မတီအဖွဲ့တို့မှ  မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင် များ တွင် ဈေးရောင်း ချသူများ အနေဖြင့် မီးဘေးလုံခြုံရေး ၊ မီးကို စနစ်တကျ သုံးစွဲကြရေး ၊ မီးဘေး မပေါ့ကြစေရန် နှင့် ဈေး အတွင်း မတော် တဆ မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်း သတ် ဆေးဘူးဖြင့်  စနစ်တကျ ဖြင့် မီးငြိမ်းသတ်မှုများ ၊ ဈေး အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက်  မီးချိတ် ၊ မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ ၊  မီးသတ်ဆေးဘူး များတွင် (လေပေါင်)ရှိ/မရှိ ၊  သဲ အိတ် များ ၊ရေပုံး၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေးဘူးများအား အလွယ်အတူ အသုံး ပြုနိုင်ရန် အ ဆင်သင့် ဆောင် ရွက် ထားရှိရေး ၊ မီးသတ် ဆေး ဘူး များ ဟောင်းနွမ်းနေပါက အသစ် လဲလှယ်စေရေး ၊ ရေစုကန် များ အတွင်း ရေလုံ လောက် စွာရှိ/မရှိ ၊ အပေါ့စားရေစုပ် အား ကောင်း/မကောင်းစစ်ဆေးပြီး ဈေးအတွင်း လှည့်လည် ကြည့်ရူ စစ် ဆေး အကြုံ ပြုခဲ့ကြ ကြောင်း သိရသည်။


သက်လွင်စိုး မောင်တော

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages