တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်


MNP ၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား မြို့ဝင်မုခ်ဦး၌ နွေးထွေးစွာကြိုဆို၍ ယာယီစခန်းများ၌ စနစ်တကျနေရာချထားပေးပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်သည့်အပြင် နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများက နွေးထွေးစွာကြိုဆိုကြပြီး ယာယီစခန်းများ၌ စနစ်တကျနေရာချထားပေးပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေးများကို စီစဉ်ဆောင်ရွက်ပေးကာ နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မင်းလွင်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)