မိမိတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထား၍ ဆောင်ရွက်ပေးခဲ့သော်လည်း မိမိတို့အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက် လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိမိတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထား၍ ဆောင်ရွက်ပေးခဲ့သော်လည်း မိမိတို့အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက် လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

126


MNP ၊ နိုဝင်ဘာ  ၂

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၃)ကိုယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာ မိမိတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ထား၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ ၌ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသအတွင်း  နယ်မြေလုံခြုံ ရေးစခန်းများ နှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်လာမှုများရှိကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင်လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ် အေးချမ်းမှုပျက်ပြားမှုမရှိစေရေး သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အား အလွန်အကျွံသုံး၍ လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက်ခဲ့ရကြောင်း။


မိမိအနေဖြင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့၌ မိန့်ခွန်းပြောကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ပြောကြားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆွေးနွေးသည့်အချိန်တွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ထား၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် မိမိတို့အပေါ်တိုက်ခိုက်မှုများ ဆောင်ရွက် လာခြင်းကြောင့် မိမိတို့အနေဖြင့်တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages