ဘိန်းစားထားလို့ အသိတရားပျောက်နေတဲ့ ပဒက်တွေ ကျည်ဆံရောက်လာရင်တော့ သေတတ်တဲ့ သဘောရှိပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိန်းစားထားလို့ အသိတရားပျောက်နေတဲ့ ပဒက်တွေ ကျည်ဆံရောက်လာရင်တော့ သေတတ်တဲ့ သဘောရှိပါတယ်

(မတ္တရာမြို့နယ် ကင်းရွာအခြေပြု KIA/PDF အကြမ်းဖက်အုပ်စုကို နှိမ်နင်းမှုဖြစ်စဉ်)





(ဤဆောင်းပါးတွင် အရွယ်မရောက်သေးသူများ မကြည့်သင့်သည့် ဓာတ်ပုံမှတ်တမ်းများ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ ရှမ်းပြည် (မြောက်ပိုင်း) မဟာမိတ် ၃ဖွဲ့ အမည်ခံထားတဲ့ MNDAA, TNLA, AA အကြမ်းဖက် သောင်းကျန်းသူများရဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာချိန်ကစလို့ တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာခဲ့ပါတယ်။ မြောက်ပိုင်း မဟာမိတ်အမည်ခံ သောင်းကျန်းသူအဖွဲ့များနဲ့အတူ KIA/PDF အကြမ်းဖက်အုပ်စုများကလည်း ချိန်ကိုက်ဆိုသလို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာခဲ့ပါတယ်။

ကောလင်းမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရသလို ထီးချိုင့်မြို့မှလည်း အပြင်းအထန် နှိမ်နင်းခဲ့ရပါတယ်။ KIA/PDF တွေရဲ့ မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုကတော့ မြို့ဝင်ဆိုင်းဘုတ်နားမှာ ဓာတ်ပုံရိုက်ခွင့်ရရင် သူတို့အထင်မှာ မြို့ကို သိမ်းပိုက်နိုင်ပြီလို့ ယူဆတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဘယ်မြို့ကိုတော့ သိမ်းလိုက်ပါပြီဆိုပြီး NUG အကြမ်းဖက်အဖွဲ့ရဲ့ အလံကို ကိုင်ဆောင်ပြီး ဂုဏ်ဆာပြလိုက်တဲ့ ခဏပါပဲ။ အဲဒီ ဓာတ်ပုံမှတ်တမ်းကို ပြည်ဖျက်မီဒီယာတွေဆီ အလျင်အမြန်ပို့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများက ပြည်ပအစိုးရများထံမှ သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုအတွက် ပံ့ပိုးပေးဖို့ တင်ပြတောင်းခံပေါ့ဗျာ။ အကြမ်းဖက်အားပေး အနောက်အုပ်စုနဲ့ မြန်မာပြည်အလုံးစုံ ပျက်သုဉ်းရေးကို ဖော်ဆောင်နေတဲ့ နီပိန်းအုပ်စုတွေရဲ့ ဟန်ချက်ညီ လှုပ်ရှားမှုလို့ ဆိုရင်လည်း မမှားပါဘူး။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF (ပဒက်)များကို တော်လှန်ရေးသမားများအဖြစ် ပုံဖော်ရေးသားနေတဲ့ ပြည်ဖျက်မီဒီယာများမှာ ထိတွေ့မှု ဖြစ်စဉ်တိုင်းမှာ ပဒက်မသေဘူး။ ပဒက်လေးတွေကလည်း သူတို့အလောင်း သူတို့ကိုယ်တိုင် ဖျောက်ပေးတယ်။ ထိတွေ့တိုက်ပွဲ ပဒက်မသာတွေကို မသေဘဲကျန်တဲ့ ပဒက်တွေက ရအောင်စွဲပြေးတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ အသိဆုံးပါ။

ထိတွေ့မှုဖြစ်စဉ် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်ကြတာ (ပန်းတွေနဲ့ ပေါက်တာမဟုတ်ဘူး)။ နှစ်ဖက်စလုံး အကျအဆုံးရှိပါတယ်။ ပဒက်လေးတွေ မိုက်လုံးမထွားကြဖို့၊ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့အတွက်လည်း အစိုးရက တံခါးဖွင့်ပေးထားပါတယ်။ ပဒက်တွေဟာ မူးယစ်ဆေးဝါးရဲ့ သားကောင်များ ဖြစ်နေပြီ။ လူလိုပြောလို့ နားမလည်တော့ဘူးဆိုတာကို တာဝန်ရှိသူများလည်း သိလောက်ပြီ ထင်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ကို ဦးဆောင်တဲ့ NLD ဦးဆောင်သူများ၊ လွှတ်တော်အမတ်ဟောင်းများက မျိုးဆက်သစ်လူငယ်များကို ဘိန်းကျွေးပြီး သူတို့ လိုသလို ပုံဖော်ခိုင်းစေနေခြင်း ဖြစ်ပါတယ်။ 

ပြည်ဖျက်မီဒီယာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ကျဆုံးတဲ့အခါ တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိတော့လောက်အောင်ကို အကြောက်တရားတွေ ဖြစ်ပေါ်အောင် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေပေးကြပါတယ်။ ထီးချိုင့်မြို့ကို သိမ်းပိုက်မယ်ဆိုတဲ့ KIA/PDF တွေ ရေမြောင်းထဲမှာ လက်ကားယား၊ ခြေကားယား မြင်မကောင်းအောင် သေဆုံးနေရတာမျိုးတွေကို ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ BBC, RFA, VOA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now တို့က မဖော်ပြပါဘူး။ ပြည်ဖျက်မီဒီယာများစာရင်းမှာ ပြည်ပြေး ဝရမ်းပြေး NLD လွှတ်တော်အမတ်ဟောင်းတွေ လုပ်နေတဲ့ မီဒီယာအမည်ခံ အကြမ်းဖက်လှုံ့ဆော်စာမျက်နှာတွေလည်း တိုးပွား များပြားလာတာကို အထူးသတိပြုဖို့ တပါတည်း ထည့်ပြောချင်ပါတယ်။ Ayeyarwaddy Times, Delta News, မြေလတ်အသံ၊ မောင်း အစရှိသော အကြမ်းဖက်လှုံ့ဆော်စာမျက်နှာတွေ facebook မှာ ပလူပျံလို့ပါပဲ။

ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး၊ မတ္တရာဒေသမှာလည်း အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အထက်ဖော်ပြပါ ပြည်ဖျက်မီဒီယာများ မန္တလေး၊ မတ္တရာဒေသမှာ KIA, TNLA, PDF အသာစီးရနေသယောင် ရေးသားဖြန့်ဝေခဲ့ကြပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့မှ TNLA.နှင့် ပဒက်တွေဟာ မန္တလေးမြို့ကို နှောက်ယှက်ဖို့ အင်အားထောင်ချီစုဖွဲ့ပြီး မတ္တရာမြို့နယ် ကင်းရွာမှာ အခြေပြု အခိုင်အမာစခန်းဆောက်ကာ စုစည်းရောက်ရှိနေကြောင်း သတင်းရရှိတဲ့အတွက်ကြောင့် တပ်မတော်စစ်ကြောင်းများက လက်ဦးမှု့ရယူပြီး သွားရောက်နှိမ်နင်းခဲ့ကြပါတယ်။

အကြမ်းဖက်သောင်းကျန်းသူ အင်အားများပြားလွန်းတဲ့အတွက် နှိမ်နင်းမှုဖြစ်စဉ်အတွင်းမှာ တပ်မတော်နဲ့အတူ လက်တွဲဆောင်ရွက်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တချို့ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြရပါတယ်။

မန္တလေးကို အချိန်ပိုင်းအတွင်းဝင်ရောက်နှောက်ယှက်မည့် အကြမ်းဖက်အုပ်စုတွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ခဲ့တယ်။ အကြမ်းဖက်အဖွဲ့များထံ ရောက်ရှိလာမယ့် လက်နက် ရိက္ခာလမ်းကြောင်းအားလုံးကို ဖြတ်တောက်ဟန့်တားပြီး အခုဆိုရင် ဝိုင်းပတ်ခြေမှုန်းခြင်းကို သူပုန်တွေဟာ အကြီးအကျယ် ရင်ဆိုင်နေရသလို အလောင်းရာချီပြီး တောတောင်ထဲမှာ ယင်တလောင်းလောင်းနဲ့ မြင်မကောင်းအောင်ဖြစ်နေရပါပြီ။

ဒီကိစ္စတွေဟာ ဂုဏ်ယူပြီး ပြောရမယ့် ကိစ္စတွေတော့ မဟုတ်ပါဘူး။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ အသုံးချခံ ဘဝကို ရောက်နေတဲ့ ပဒက်တွေ ဘာတွေကို မျှော်လင့်ပြီး မိုက်လုံးထွားနေတာလဲ။ ဆင်ခြင်သတိပြုပြီး အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့သာ ဖြစ်ပါတယ်။

ပြည်ဖျက်မီဒီယာများက သရုပ်မှန်ကိုဖုန်းကွယ်ပြီး သူတို့ပဲအောင်နိုင်နေသလိုလို မြေပြင်အဖြစ်မှန်နဲ့ ကိုက်ညီမှု့မရှိပဲ စိတ်ဓာတ်စစ်ဆင်ရေး တစ်နည်းအားဖြင့် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ရင် ဒုက္ခရောက်သွားမယ်ဆိုတဲ့ အတွေးမျိုး ပြည်သူများကို မှိုင်းတိုက်နေကြတာ ဖြစ်ပါတယ်။ 

မတ္တရာမြို့နယ်၊ ကင်းရွာဖြစ်စဉ်မှာ အကြမ်းဖက်အုပ်စုတွေ ကင်းရွာကနေ စွန့်ခွာထွက်ပြေးနေကြပါပြီ။  အလောင်းတွေတောင်လိုပုန်နေတာက အဖြစ်မှန်ပါ။ တောထဲမှာ အစာပြတ်လတ်ပြီး လက်နက်ချအညံ့ခံလာကြပြီလို့ ပြည်သူ့စစ်ညီအစ်ကိုများထံက သိရပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများက လေလှိုင်းပေါ်က အာသီးယောင်ရတာ လွယ်သလောက် မြေပြင် မှာ အဲဒီလောက် လွယ်လိမ့်မယ်တော့ မထင်ပါနဲ့။ ဖုန်းထဲက PDF ဂိမ်းဆော့ရတာ လွယ်သလောက် လူ့အသက်ခန္ဓာတွေ အရင်းတည်ထားတဲ့ မြေပြင်စစ်ပွဲတစ်ခုကို လွယ်လွယ်နဲ့ အောင်မြင်မှုရနိုင်ပါ့မလား။

ပဒက်တွေလည်း အသက်တွေနဲ့ပါ။ ဘိန်းစားထားလို့ အသိတရား ပျောက်နေပေမယ့် ကျည်ဆံရောက်လာရင် သေတတ်တဲ့ သဘောရှိပါတယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများ အသုံးချခံ ဘဝနဲ့ မိုက်တွင်းနက်ခဲ့ကြတဲ့ ပဒက်တွေ အခုလို ကျဆုံးရတဲ့အခါ ပြည်ပြေး ဝရမ်းပြေးတွေက ဘာတာဝန်ယူသလဲ။ 

Facebook မှာ profile အနက်ရောင်ချိန်းပြီး ဝမ်းနည်းပြရင် ကျေးဇူးတင်လိုက်ကြ။ ပဒက်တွေရဲ့ မိဘများအနေနဲ့တော့ ခင်ဗျားတို့ရဲ့ သားသမီးများကို အကြမ်းဖက်သမားများအဖြစ် အသုံးချနေတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကို နီးစပ်ရာ ရဲစခန်းမှာ အမှုသွားဖွင့်ထားကြ။ ပြည်တွင်းကို ပြန်ဝင်လာတာနဲ့ ထောင်ထဲထည့်လို့ရမယ်။ ဒီအချိန်မှာတော့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ အသုံးချခံအဖြစ်နဲ့ မိုက်လုံးထွားနေတဲ့ ခင်ဗျားတို့ သားသမီး (ပဒက်)တွေ မိုက်လုံးထွားဖို့ အခွင့်မသာတော့ဘူး။ 


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)