မိတ္ထီလာနည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာနည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြား


MNP ၊ နိုဝင်ဘာလ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အတန်းများကို နိုဝင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်းကို ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းသားကျောင်းသူ ၂၀၀ ဦး ဝင်ခွင့်ရရှိခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျောင်းဝင် မှတ်ပုံတင်ခြင်း လက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းများစတင်ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်မြင့်က ကြိုဆိုနှုတ်ခွန်းစကား ပြောကြားပြီး ဌာနမှူးများက သက်ဆိုင်ရာဌာနအလိုက် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် မြို့ပြသင်တန်း၊ အီလက်ထရောနစ်သင်တန်း၊ လျှပ်စစ် စွမ်းအားသင်တန်း၊ စက်မှုစွမ်းအားသင်တန်းနှင့် သုတနည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)