အမျိုးယုတ်တွေ များတဲ့ တိုင်းပြည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးယုတ်တွေ များတဲ့ တိုင်းပြည်


ရုရှား - ယူကရိန်း စစ်ဖြစ်ခဲ့ရခြင်းဟာ ယူကရိန်း က အမေရိကန်ဦးဆောင်သော အနောက်အုပ်စု(မုသားအင်ပါယာ) ကို အားကိုးအားထားပြုပြီး ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာခြင်းကြောင့် ဖြစ်တယ်။ အစ္စရေးက ပါလက်စတိုင်းက ဟားမတ်စ်စစ်သွေးကြွတွေကို တိုက်ခိုက်နေခြင်းဟာ သူ့နိုင်ငံအတွင်းကို ဝင်ရောက်ပြီး သူ့နိုင်ငံသားတွေကို ဟားမတစ် စစ်သွေးကြွများက တိုက်ခိုက် သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်တုန့်ပြန်နေခြင်းဖြစ်တယ်။

ကမ္ဘာ့နိုင်ငံအတော်တော်များများမှာ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်ယုတ်မာတဲ့ လုပ်ရပ်မျိုး မရှိသလောက် ရှားပါတယ်။ ဖြစ်ခဲ့ဖူးတာတွေ ရှိတယ်ဆိုရင်လည်း ယခုလက်ရှိ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေမျိုးလောက်အထိ ဆိုးသွမ်းတာမျိုး မရှိပါဘူး။ 

တခြားကို မကြည့်ဘဲ အာဆီယံဒေသတွင်း နိုင်ငံများကိုပဲ ကြည့်မယ်ဆိုရင် ဘယ်နိုင်ငံမှာမှ မြန်မာပြည်လောက် ဆိုးရွားပြင်းထန်တဲ့ ပြည်တွင်းပဋိပက္ခမရှိပါဘူး။ နိုင်ငံရေးပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ထိုင်းနိုင်ငံမှာတောင် နိုင်ငံရေးပြိုင်ဆိုင်မှုကနေ ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့တာမျိုး မရှိပါဘူး။

ဘာကြောင့်လဲဆိုတော့ နိုင်ငံအများစုမှာ ရှိတဲ့ နိုင်ငံသားတွေဟာ အမျိုးသားရေးအသိရှိကြလို့ပဲ ဖြစ်ပါတယ်။ ဇာတ်တူသားမစားကောင်းဘူးဆိုတာကို ကောင်းစွာ သဘောပေါက်နားလည်ထားကြလို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာ ပြည်တွင်းပဋိပက္ခတွေ မကြာခဏပေါ်ပေါက်တတ်ပါတယ်။ ဒါ ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးအသိဉာဏ် မပြည့်ဝလို့ပဲ ဖြစ်ပါတယ်။ ပါးစပ်ကတော့ လူကြားကောင်းအောင် အမျိုးသားရေးလို့ အော်ပြီး လုပ်ရပ်ကတော့ မိမိတို့ ကိုယ်စားပြုပါတယ်ဆိုတဲ့ တိုင်းရင်းသားပြည်သူများကို အတိဒုက္ခရောက်အောင် လုပ်ခြင်းဟာ အမျိုးသားရေး အသိဉာဏ်မပြည့်ဝတဲ့ အမျိုးယုတ်တွေရဲ့ ရက်စက်ယုတ်မာမှုတွေပဲ ဖြစ်ပါတယ်။

KNU ခေါင်းဆောင်များဟာ ကရင်တိုင်းရင်းသားများကို ကိုယ်စားပြုပါတယ်လို့ ပြောခြင်းဟာ ယုတ္တိမရှိဘူး။ ကရင်တိုင်းရင်းသား ပြည်သူများရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးဘက်မှာ ကောင်းကျိုးဖြစ်အောင် ဆောင်ရွက်ပေးနေခြင်းမဟုတ်ဘဲ သူတို့ရဲ့ နောက်ကွယ်ကနေ ပံ့ပိုးပေးနေသူများအလိုကျ သူတို့ အကျိုးစီးပွားအတွက် ဗမာမုန်းတီးရေး မှိုင်းတိုက်ပြီး ကိုယ်ကျိုးရှာနေကြခြင်းပဲ ဖြစ်ပါတယ်။

ထိုနည်းတူစွာပါပဲ KIA, MNDAA, TNLA, AA အဖွဲ့ခေါင်းဆောင်များအားလုံးဟာ လူမျိုးရေးအမုန်းတရားတွေ ဖြန့်ဝေကြပါတယ်။ အထူးအားဖြင့် ဗမာမုန်းတီးရေးပဲ ဖြစ်ပါတယ်။ ဗမာမုန်းတီးရေးတရားတွေဟောပြီး တိုင်းရင်းသားပြည်သူများကို မှိုင်းတိုက် လက်နက်ကိုင်အစုအဖွဲ့တွေ ဖွဲ့စည်းပြီး သူတို့ ကိုယ်စားပြုပါတယ်ဆိုတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ကောင်းကျိုးကို ရှေးရှုလုပ်ဆောင်သလား။ ကိုယ့်အမျိုးကို အတိဒုက္ခရောက်အောင် ဖန်တီးပြီး ကိုယ်ကျိုးရှာကြသူတွေချည်ဖြစ်လို့ အမျိုးယုတ်တွေ များတဲ့ တိုင်းပြည်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြောလို့ ဗမာများထဲမှာရော အမျိုးယုတ်တွေ မရှိဘူးလားလို့ မေးရင် ရိုက်သတ်လို့တောင် မကုန်နိုင်တဲ့အတွက် ယနေ့အချိန်အထိ ပဋိပက္ခတွေ ရှည်ကြာနေတာပေါ့။ အမျိုးယုတ်များအားလုံးကို ဦးဆောင်သူဟာလည်း ဗမာပဲ။ အမျိုးသားရေးအစွန်းရောက်စိတ်နဲ့ သူတစ်လူ ငါတစ်မင်းလုပ်ချင်တဲ့ KNU, KIA, CNF, KNPP အစရှိသော တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အဖွဲ့အစည်းများအားလုံးကို သူတို့လိုချင်တဲ့ ဖက်ဒရယ်ကို ဖန်တီးပေးတော့မှာလိုလို မျှော်လင့်ချက်ပေးပြီး KNU, KIA, KNPP, CNF လက်နက်ကိုင် သောင်းကျန်းသူများကို သူတို့ရဲ့ နောက်လိုက်များအဖြစ်နဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ အသုံးချသွားခဲ့တာ NLD ဦးဆောင်သူများနဲ့ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားအိုကြီးများပဲ မဟုတ်ပါလား။ အဲဒီထဲမှာ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တယ်။ ဗမာတွေများလို့ ဗမာအမျိုးယုတ်တွေက ပိုကဲတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

အိမ်နီးချင်းတိုင်းပြည်များနဲ့ ယှဉ်ကြည့်ရင်လည်း အမျိုးယုတ်များတဲ့ တိုင်းပြည်ဟာ ဒို့တိုင်းပြည်ပဲ။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ တိုင်းပြည်များနဲ့ ယှဉ်ကြည့်ရင်လည်း အမျိုးယုတ်များတဲ့ တိုင်းပြည်ဆိုတာ ပိုပြီးတော့တောင် ပေါ်လွင်ထင်ရှားပါသေးတယ်။ အဓိကအားဖြင့်တော့ အမေရိကန်တွေရဲ့ လစ်ဘရယ်မှိုင်းတိုက်ခြင်းခံထားရတဲ့ အနီကြောင် (လစ်ဘရယ်ကြောင်)တွေက အမျိုးသားရေးအစွန်းရောက် တိုင်းရင်းသားလက်နက်ကိုင်များကို မျှော်လင့်ချက်အမှားတွေပေးပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေကြခြင်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ပြည်ပြေး ဝရမ်းပြေးတွေမှာ ဘာမှ ပေးစရာမရှိဘူး။ သူတို့သည်ပင်လျင် မြန်မာနိုင်ငံသားစာရင်းမှာ မရှိတော့ဘူး။ သူတို့ကိုယ်တိုင် အမေရိကန်ရဲ့ အထောက်အပံ့၊ အိုအိုင်စီနိုင်ငံတချို့ရဲ့ အထောက်အပံ့ကို ရယူပြီး အမေရိကန်ရဲ့ အလိုကျလိုက်ပါလုပ်ဆောင်ပေးရတယ်။ ခိုးဝင်ဘင်္ဂါလီများကို လူမျိုးလိမ်နာမည် တပ်အော်ပေးရတယ်။ အမျိုးယုတ်တွေဟာ ငွေရရင် ဘာမဆိုလုပ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)