ရခိုင်ပြည်နယ် မောင်တောမြို့သို့ အဝေးသင်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများနှင့်ပညာရေးဝန်ထမ်းများ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့သို့ အဝေးသင်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများနှင့်ပညာရေးဝန်ထမ်းများ ပြန်လည်ရောက်ရှိ

MNP ၊ နိုဝင်ဘာ  ၂၂

စစ်တွေမြို့မှဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများ နှင့် မိသားစုဝင်များ ၊ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ် ချုပ် ရေး အဖွဲ့မှ ကြီးကြပ်မှုဖြင့်  ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်က  မြို့မအနောက်ရပ်ကွက် ၊ သာသနာ့ဗိမာန်တော်သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြရာ  တာဝန်ရှိသူက ကြိုဆို လက်ခံ ခဲ့ ကြသည်။ အဆိုပါ ပြန်ရောက်လာသူများတွင် အဝေးသင်စာမေးပွဲဖြေဆိုပြီး မြောက်၍ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား မောင်တောမြို့နယ်အတွင်းရှိ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့်   ပြန်လည်ရောက်ရှိလာရာ သက်ဆိုင်ရာ တာဝန်ရှိသူများက  နေရပ်ပြန်မည့် ကျောင်း သား၊ ကျောင်း သူများအား စာရင်းများကောက်ယူပြီး သက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျ အပ်နှံကာ မိမိ နေရပ် ၊မိမိနေအိမ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ထို့ အပြင် သင်တန်းများပြီး မြောက်၍ ရောက်ရှိလာကြသော ပညာရေးဝန်ထမ်းများ ၎င်းတို့၏ မိသားစု ဝင်များ ၊ အခြား အစိုးရဝန် ထမ်းများ မိမိတာဝန်ကျရာ ရုံးဌာန ၊ကျောင်းများသို့   စိတ်အေးချမ်းသာစွာဖြင့် စနစ်တကျ ပြန်လည် ရောက် ရှိ နိုင်ရေး လို အပ် သည်များကို တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။  အဆိုပါ မောင်တောမြို့နယ်သို့ ရောက် ရှိ လာသော ဒုတိယအသုတ်အနေဖြင့် နေရပ်ပြန်မည့်ကျောင်းသား၊ကျောင်းသူများ ၊ သင်တန်းများပြီးမြောက်၍ ရောက် ရှိနေသည့် ပညာ ရေး ဝန်ထမ်း များ နှင့် မိသားစုဝင်များ ၊အခြားအစိုးရဝန်ထမ်းများ ၊စုစုပေါင်း အမျိုးသား ၂၂၉ ဦး ၊ အမျိုးသမီး ၂၆၂ ဦး  ပေါင်း ၄၉၁ ဦးရောက်ရှိလာပြီး တာဝန်ရှိသူများက  စနစ်တကျ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  

သက်လွင်စိုး ၊အောင်ကျော်စိန်  (မောင်တော )

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)