MNP ၊ နိုဝင်ဘာ ၁၀
ကိုးကန့်ဒေသ၌ တရားမဝင်နိုင်ငံခြားသားများ ရောက်ရှိနေမှုကို စစ်ဆေးဖော်ထုတ်မည်ဖြစ်ပြီး စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက် ခြင်းမရှိပါက အင်အားသုံးနှိမ်နင်းမည်ဟု စီမံအုပ်ချုပ်ရေးအဖွဲက သတိပေးထားကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ၊ ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးမှူးများသည် နိုဝင်ဘာ ၉ ရက်တွင် ပြည်ပနိုင်ငံသားများ စုံစမ်းစစ်ဆေးဖော်ထုတ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခင်က ကိုးကန့်ဒေသအတွင်း တရားမဝင်နိုင်ငံခြားသားများ ဝင်ရောက်မှုနှင့်ပတ်သက်၍ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်စဉ် ကုမ္ပဏီအချိုနှင့် ဖျော်ဖြေရေးကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါဒေသတွင် တရားမဝင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေမှုကို မြန်မာ - တရုတ် ပူးတွဲနှိမ်နင်းရန် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးမှ ရရှိသော အကျိုးအမြတ်ဖြင့် အာဏာတည်ဆောက်ရန် ကြိုးပမ်းမှုများ ရှိနေခြင်းကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမြစ်ပြတ် ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပြောဆိုထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment