MNP ၊ နိုဝင်ဘာ ၁၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို နိုင်ငံတစ်ဝှမ်းရှိ ငြိမ်းချမ်းရေးလိုလားသော ပြည်သူများက အားပေးထောက်ခံပွဲများဖြင့် ကြိုဆိုထောက်ခံလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ ခရိုင်အားကစားကွင်း၌ တိုင်းဒေသကြီးအတွင်းရှိ ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ထောက်ခံပွဲအား တစ်ခဲနက် ကျင်းပပြုလုပ်ခဲ့ကြပြီး အကြမ်းဖက်သောင်းကျန်းသူများကို နှိမ်နင်းပေးရန် တောင်းဆိုခဲ့ကြသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား အားပေးထောက်ခံပွဲ ကျင်းပပြုလုပ်ရာ၌ တိုင်းဒေသကြီးအတွင်းရှိ ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက် ကမ်းနားလမ်းနှင့် ဗျူဟာလမ်းဆုံတွင် စုရပ်ပြုလုပ်၍ ဗျူဟာလမ်းအတိုင်း မကွေးခရိုင်အားကစားကွင်းအထိ စီတန်းလှည့်လည်၍ လမ်းတစ်လျှောက်တွင် "တပ်မတော်ဖြိုခွဲမည့်အကြံ ဒို့လက်မခံ ၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်သည့် တပ်မတော် ဒို့တပ်မတော်၊ တရားသောစစ် အောင်ရမည်၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ဒို့အရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နေသည့် ရှေ့တန်းရောက်တပ်မတော် သားများ ကျန်းမာပါစေ၊ KIA ၊ AA ၊ TNLA ၊ MNDAA၊ BPLA နှင့် အကြမ်းဖက် PDF များအား ဆန့်ကျင်ကြ ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အောင်ရမည်၊ (NCA) ကို ဆန့်ကျင်ပြီး အကြမ်းဖက်အဖျက်အမှောက်လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား ဆန့်ကျင်ကြ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး ဒို့အရေး ၊ KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် အကြမ်းဖက် PDF များအား အလိုမရှိ" စသည့် ကြွေးကြော်သံများကို သံပြိုင်ရွတ်ဆိုကာ မကွေးခရိုင်အားကစားကွင်းအထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒပြတောင်းဆိုသူများသည် မကွေးခရိုင်အားကစားကွင်း၌ တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA ၊ TNLA၊ MNDAA၊ AA ၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံဆွေးနွေး ဟောပြောခဲ့ကြသည်။
ဖန်းခါးမြေ
https://t.me/MyanmarNationalPost
No comments:
Post a Comment