ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော နိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲ ပဲခူးမြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော နိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲ ပဲခူးမြို့တွင် ကျင်းပ





MNP ၊ နိုဝင်ဘာ ၂၄

ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသောနိုင်ငံများနှင့် ကြေညာချက်အမှားများထုတ်ပြန်နေသော သံရုံးများအား အလိုမရှိကြောင်း၊ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချကြောင်း ပဲခူးမြို့တွင် ပြည်သူ ၁၀၀ ဝန်းကျင် က စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပြည်သူများက အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များ - ဆန့်ကျင်ကြ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော နိုင်ငံများအား - ဆန့်ကျင်ကြ၊ သတင်းမှားများ လုပ်ကြံဖန်တီး ဖော်ပြနေသော ပြည်တွင်း ပြည်ပ မီဒီယာများ - အလိုမရှိ၊ ကြေညာချက်အမှားများ ထုတ်ပြန်နေသော သံရုံးများ - အလိုမရှိ ကြွေးကြော်၍ ပိုစတာများ ကိုင်ဆောင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရှမ်းပြည်(မြောက်ပိုင်း)တွင် MNDAA, TNLA, AA အကြမ်းဖက်အုပ်စုများက အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး KIA/PDF အကြမ်းဖက်အဖွဲ့များကပါ ဆိုးရွားသော အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေးကို လိုလားသည့် ပြည်သူများက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ဘားအံ၊ ပဲခူး တို့တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)