MNP ၊ နိုဝင်ဘာ ၂၂
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးချမ်းခန်းမ၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရား တော်များ နာယူကြည်ညို ကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိဇယထံမှ ရေစက်ချအနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment