ကုန်ထုတ်စွမ်းအားများ တိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကုန်ထုတ်စွမ်းအားများ တိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ပြောကြား

048

049

MNP ၊ နိုဝင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သည့် နိုင်ငံတစ်ခု ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များဖြင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်ခြင်းနှင့် နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ပေးပြီး နိုင်ငံစီးပွားမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရေးအတွက် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုများ အပြည့်အဝရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးနည်းပညာများ ရရှိရေးကို ထိထိရောက်ရောက် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ထို့အပြင် တောင်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ စိုက်ပျိုးရေးအတွက် ရေကို စနစ်တကျ ခွဲဝေပေးရေးနှင့် ရေအလေအလွင့်မရှိစေရေးကို ကြပ်မတ်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးမှုများ အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ GDPများ တိုးတက်လာမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသည့် MSMEလုပ်ငန်းများ အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်ရုံအလုပ်ရုံများတွင် ကုန်ကြမ်း များလုံလောက်စွာရရှိရေး၊ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး၊ ကုန်ထုတ်စွမ်းအားများ တိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Check ၊ Recheck ၊ Counter Check ဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး၊ သီးထပ်သုံးသီးစိုက်ပျိုးနိုင်ရေး ဆောင်းသီးနှံ (ဆီထွက်သီးနှံစက်မှုကုန်ကြမ်းသီးနှံများ) အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ စိုက်ဧကတိုးချဲ့နိုင်ရေး၊ ရေပေးဝေနိုင်မှုအခြေအနေများ၊ ဆောင်းသီးနှံ စိုက်ပျိုးနိုင်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက နေပြည်တော်အတွင်း သီးထပ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages