ပေါ်တာစွဲနေတာ ဘယ်သူတွေလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါ်တာစွဲနေတာ ဘယ်သူတွေလဲ


MNP ၊ နိုဝင်ဘာ ၂၂

ယနေ့ ပြည်ပြေး ဝရမ်းပြေးများနဲ့ ပြည်ဖျက်မီဒီယာများတွင် မဟုတ်မမှန် လုပ်ကြံဖန်တီး၍ တပ်မတော်က ပေါ်တာစွဲနေသည်ဟူသော သတင်းများ လူထုအကြား ဖြန့်ဝေလျက်ရှိသည်။

ယနေ့ ထူးခြားဖြစ်စဉ်များနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ထုတ်ပြန်ပြောကြားရာမှာ "ကောလဟလသတင်းတွေပေါ့။ ဒါ ရန်ကုန်မှာဆိုရင် ပေါ်တာစွဲနေပြီဆိုတဲ့ သတင်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေတာမျိုး တွေ့ရှိရပါတယ်။ ပြည်ဖျက်မီဒီယာများအနေနဲ့လည်း ဒီသတင်းကိုပဲ မနေ့ကစပြီး ဒီကနေ့မှာ ပိုဆိုးတာပေါ့။ မနေ့ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေတာ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ ရှိတဲ့ ဒေသခံတွေ မေးကြည့်လည်း သိပါတယ်။ အားလုံး မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ တပ်မတော်အနေနဲ့ ဒီလို အလုပ်မျိုး လုပ်စရာအကြောင်း မရှိပါဘူး။ တပ်မတော်အနေနဲ့ စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများကိုပင် ဆင့်ခေါ်ခြင်း မရှိဘူးဆိုတာ ပြောလိုပါတယ်။" ဟု ရှင်းလင်းပြောဆိုသွားသည်။

အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်လျက်ရှိသည့် ဒေသတချို့တွင် KIA/PDF က ရွာသားများကို အကြမ်းဖက်အဖွဲ့ထဲ မဝင်မနေရ အဓမ္မခေါ်ယူမှုများ ရှိနေပြီး MNDAA အကြမ်းဖက်အဖွဲ့က ကိုရင်များကို ဖမ်းဆီးပြီး လူဝတ်လဲကာ စစ်မှုထမ်းခိုင်းသည့် ဖြစ်စဉ်များလည်း တွေ့မြင်နေရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)